ကလေးမြို့အတွင်း ၂နေရာတွင် အပစ်ခံရ၍ စစ်ကောင်စီတပ်သား ၄ဦး သေဆုံး

စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ် ၊တာဟန်းရပ်ကွက်အတွင်းတွင် တပ်စွဲရန် လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် လျှပ်စစ်မီတာခ ကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲ့တို့အား ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ယနေ့ ဇွန်လ ၁၅ရက်တွင် ထုတ်ပြန်သည်။

ဇွန်လ ၁၃ရက်နေ့က ကလေးမြို့တာဟန်းရပ်ကွက် ဘောလုံးကွင်းတွင် တပ်စွဲရန်ရောက်ရှိနေသော အင်အား ၁၂၀ခန့်ရှိသော စစ်ကောင်စီ တပ်အား CNDF နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့နံနက် ၉နာရီအချိန်မှစ၍ တစ်နာရီခန့်ကြာမြင့်သည်အထိ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်း ဆိုသည်။

တစ်ချိန်တည်းမှာပင် ရပ်ကွက်အတွင်း လျှပ်စစ်မီတာခ ကောက်ခံနေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရကာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း သိရသည်။

မေလ ၃၁ရက်နှင့် ဇွန်လ ၁ရက်နေ့တို့တွင်လည်း ကလေးမြို့ နတ်ချောင်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များဖြစ်သည့် CNDF , PDF – Kalay နှင့် ပကဖ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး PDF – Kalay မှ တစ်ဦးကျဆုံး၊တစ်ဦးဒဏ်ရာရကာ CNDF မှလည်း ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s