ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီရေ ယာဉ်တန်း လျှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ကြောင်း တစ်နေရာတွင် စစ်ကောင်စီတပ်၏ရေယာဉ်များကို လျှော့ တိုက်ဒုံးများဖြင့် ဆီးကြိုတိုက်ခိုက်ရာ သေဆုံးမှုများနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ဇွန်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၂ ရက်နေ့က အမြန်ယာဉ် စက်လှေသုံးစီးတစ်တွဲနှင့် နှစ်စီးတစ်တွဲ ဖြတ်သန်းလာမှုအား စောင့်ကြို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“ အနောက်ကလိုက်တဲ့ နှစ်စီးတွဲကို လျှော့တိုက်ဒုံး နှစ်လုံး တည့်တည့်ထိမှန်ခဲ့ပါတယ်။ သေဆုံးစာရင်းကို အတည်ပြုလို့မရသေးပါဘူး” ဟု Monywa Fighter Group အဖွဲ့ခေါင်းဆောင် ကိုဇာနည်ကပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတစ်နေရာသို့ စစ်ကူလိုက်လာသော အဆိုပါစစ်ရေယာဉ်များအား စောင့်ကြို၍ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။
ယင်းတိုက်ပွဲအား Monywa Fighter Group၊ Golden Eagle Force၊ Monywa Lightning Weapon people Defense Force တို့မှ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် အထိနာနေသည့် ရေယာဉ်ပေါ်မှစစ်ကောင်စီတပ်သားများဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့ သော်လည်း ကာကွယ်ရေးမဟာမိတ်အဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။ mizzima