ချောင်းဦးတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီး ၆ ဦးသေဆုံးပြီး စစ်ယူနီ ဖောင်းနှင့် ကျည်ဆန်များ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ချောင်းဦးမြို့နယ် ပကဖ ၏ ဦးဆောင် မှု ဖြင့် CHUPDF က စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ဇွန်လ ၁၄ ရက်နေ့ တွင် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦးသေဆုံးပြီး စစ်ယူနီဖောင်း၊ ကျည်များ သိမ်း ဆည်းရမိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၄ ရက်နေ့ အမြင့် – ချောင်းဦးလမ်း တနေရာတွင် တောကျောင်းလေး ကျေးရွာ ကို မီးရှို့ဖျက်ဆီး၍ ပြည်သူ ၄ ဦးကို ဥပဒေမဲ့သတ်ဖြတ်ခဲ့သော စစ်သား များနှင့်ပျူစောထီးများကို CHUPDF တပ်ခွဲ (၃)က မိုင်း ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၁၄ ရက်နေ့ ချောင်းဦး – အမြင့်လမ်း တစ်နေရာ တော ကျောင်း လေးကျေးရွာကို မီးရှို့ဖျက်ဆီး၍ ပြည်သူ ၄ ဦးကို ဥပဒေမဲ့ သတ်ဖြတ် ခဲ့သော စစ်သားနှင့်ပျူများကို လိုက်ပါပို့ဆောင်ပြီးနောက် ရိက္ခာများ သယ်၍ ပြန်လာသော ကင်မွန်းတော်ပျူစောထီးရွာမှ စစ်တပ်နှင့်ပျူစောထီးများကို CHUPDF တပ်ခွဲ (၁)၊ (၃)က မိုင်းခွဲ တိုက်ခိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၁၄ ရက်နေ့ ချောင်းဦးမြို့တွင်းတနေရာ တောကျောင်းလေးကျေးရွာကို မီးရှို့ဖျက်ဆီး၍ ပြည်သူ(၄) ဦးကို ဥပဒေမဲ့သတ်ဖြတ်ခဲ့သော စစ်သားများနင့် ပျူစောထီးများများကို CHUPDF တပ်ခွဲ (၃)က နေရာ ၂ ခုတွင် မိုင်းဆွဲ တိုက် ခိုက်ခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုများတွင် ပျူစောထီး ၆ ဦးသေဆုံးပြီး ရန်ကုန်တိုင်း စစ်ဌာန ချုပ် လက်မောင်းတံဆိပ်ပါ ဗိုလ်ကြီးအဆင့် ယူနီဖောင်း (၁) စုံ၊ အနောက် မြောက် တိုင်းစစ်ဌာနချုပ် လက်မောင်းတံဆိပ်ပါ တပ်ကြပ်ကြီးအဆင့် သွေး များ ပေကျံနေသည့် ယူနီဖောင်း (၁) ထည် ၊ စကစ ကပစ ထုတ် ၅.၅၆ ကျည် (၃၁၂) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ ၉ မမ ကာဘိုင်ကျည် (၈၅) တောင့်၊ ကာဘိုင်ကျည်ဘောက် (၁) ခု၊ စကစ ကပစ ထုတ် ၇.၆၂ ကျည် (၅) တောင့်၊ BA 63 ကျည်ဘောက် (၁) ခု၊ ၉ မမ ပစ္စတို ကျည်ဘောက် (၁) ခု၊ စကစ ကပစ ထုတ် ၉ မမ ကျည် (၁၀) တောင့်၊ ငွေ ၅၀၂,၄၀၀ ကျပ်၊ ကင်မွန်းတော် ပျူစော ထီးများ ကျီကုန်းရွာမှ လုယူ သွားသော ပုဇဉ်းခေါင်းထော်လာဂျီ (၁) စီး၊ ကင်မွန်းတော်ပျူစောထီးများ၏ ပုဇဉ်းခေါင်းထော်လာဂျီ (၁) စီး၊ လက်ကိုင်ဖုန်း (၁) လုံး၊ Kyaw Ye Thu အမည်ပါ KBZ ဘဏ်ကတ် (၁) ခု၊ ၇၀၄ အမှတ် တံဆိပ် ပါ လည်စီး (၂) ထည်၊ သေနတ်လွယ်ကြိုး (၂) ခု၊ ဓား (၂) လက် ၊ .၂၂ ကျည် ထည့် ပစ်ရသည့် လက်လုပ်အတို (၁) လက် ၊ အဝတ်အစားများ၊ တကိုယ် ရည်သုံးပစ္စည်းများနှင့် ဆန်, ဆီ, ငံပြာရည်စသော ရိက္ခာများကို သိမ်းဆည်း ရမိကြောင်း သတင်း ထုတ် ပြန်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s