စစ်ကောင်စီလက်ထက်တွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ဇွန် ၁၇ ရက်နေ့တွင် ထုတ်ပြန်မည်

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း များကိုမနက်ဖြန် ( ဇွန်လ ၁၇ ရက်နေ့ နံနက် ၆ နာရီတွင်) သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနများ တွင်ထုတ်ပြန်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီး ဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန က ကြေညာထားသည်။

အောင်စာရင်းထုတ်ပြန်မည့် ဇွန်လ ၁၇ရက်နေ့ နံနက် ၄ နာရီတွင်လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ website ဖြစ်သည့် www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်း သိရသည်။

“ တရားမဝင်ဘူးလို့သတ်မှတ်ထားတဲ့ စာမေးပွဲရဲ့အောင်စာရင်းကို ထုတ်ပြန်တော့ရော ဘာများထူးမှာ မို့ လဲ။ အာဏာရှင်က စာမေးပွဲကျင်းပတယ်။ အာဏာရှင်ကိုထောက်ခံတဲ့မိဘတွေက သားသမီးကို စာမေးပွဲ ဖြေခိုင်းတယ်။ သူ့အရပ်နဲ့သူ့ဇာတ် ဟုတ်နေတာပဲလေ” ဟု CDM ဆရာမတစ်ဦးက မဇ္ဈိမကို ဖြေကြားထား သည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ကျောင်းသားကျောင်းသူများနှင့်မိဘများပူးပေါင်းကာ ကျောင်းမတက်ဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီလက်ထက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နံသူ ၅ ဒသမ ၃ သန်း ရှိခဲ့သည်။

၂၀၂၂ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပက်သက်ပြီး တော်လှန်ရေးအင်အားစု များကလည်း စာမေးပွဲမဖြေရန် တိုက် တွန်းခဲ့ကြသလို အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် ကန့်ကွက် ရှုတ်ချမှုများ လည်းရှိခဲ့သည်။

“အရင်နှစ်ကတော့ ကလေးကို ကျောင်းမတက်ခိုင်းပေမယ့်၊ အခုနှစ်တော့ ကျောင်းအပ်ထားတယ်။ CDM လုပ်ပါလို့တိုက်တွန်းလို့ မနှစ်က CD M လုပ်ပြီးကျောင်းမတက်ခိုင်းပေမယ့် ဒီနှစ်တော့ ရပ်ကွက်ထဲမှာတင် ကျောင်းမတက်တဲ့ကလေးဆိုတာ မရှိသလောက်ပဲ။ မထားရင်လည်း ကိုယ့်ကလေးပဲ ပညာရေးနောက်ကျ မှာလေ။ ပိုက်ဆံရှိတဲ့မိဘက ကိုယ်ပိုင်ကျောင်းတွေ၊ နိုင်ငံခြားကျောင်းတွေထားနိုင်ပေမယ့် သာမန်မိသားစု အတွက်က မလွယ်ဘူးလေ။ ရွေးချယ်စရာမရှိခဲ့ဘူး” ဟု ယခုနှစ် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသည့် ကျောင်းသားမိဘတစ်ဦးက မဇ္ဈိမကိုဖြေကြားထားသည်။

ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တနိုင်ငံလုံးတွင် ကျောင်းအပ်နှံသူ ၅ ဒသမ ၆သန်း ကျော် အပ်နှံခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် ကြေး မုံသတင်းစာတွင် ဇွန်လ ၂ ရက်က ကြေညာထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s