စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင်လှုပ် ရှားသူများကို စစ်တပ်က ကြိုးပေး ကွပ်မျက်ရန် ကြံစည်နေမှု အမြန်ဆုံး တားဆီးရန် မြန် မာအရပ်ဘက်အဖွဲ့ များ က နိုင်ငံတကာအစိုးရများကို တောင်းဆို

စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားသူများကို စစ်တပ်က ကြိုးပေး ကွပ်မျက်ရန် ကြံစည်နေမှု အမြန်ဆုံး တားဆီးရန် MM Spring အရပ်ဘက် လူထု အင်အားစုများ အစုအဖွဲ့က နိုင်ငံတကာအစိုးရများကို တောင်းဆိုလိုက် သည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူဖြစ်ကြသော စာရေးဆရာလည်းဖြစ်သူ ကိုဂျင်မီ (ခေါ်)​ ကိုကျော်မင်းယု၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊​ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ လေးဦးကို အကြမ်းဖက််စစ်တပ်က သေဒဏ်ချမှတ်ပြီး ရက်ပိုင်းအတွင်း ကြိုးပေးကွပ်မျက်မည့် အကြောင်း စစ် ကောင်စီ သတင်းထုတ်ပြန်ချက်နှင့် လုပ်ရပ်ကို အရပ်ဘက်အဖွဲ့များက အပြင်း ထန်ဆုံး ကန့်ကွက်ဆန့်ကျင် ရှုတ်ချကြောင်း အရပ်ဘက်အဖွဲ့များက ထုတ်ပြန် ပြောဆိုထားသည်။

အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင် ကြ သည့် အရွယ်မရောက်သူ ၂ ဦး အပါအဝင် ၁၁၄ ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) တရားရုံးများက သေဒဏ်ချမှတ်ထားပြီး၊ ၄င်းတို့အနက် ၄၀ ဦး မှာ ၄င်းတို့ မျက်ကွယ်တွင် စီရင်ချက် ချမှတ်ခံရခြင်း ဖြစ်ကြောင်း အရပ် ဘက် အဖွဲ့ အစည်းများက ဆိုသည်။

အကြမ်းဖက်စစ်တပ်က အာဏာကို မတရားရယူထားသည့် အဖွဲ့ဖြစ်သော ကြောင့် ၄င်းတို့ ပြဌာန်းသည့် စစ်အုပ်ချုပ်ရေး (Martial Law) သည်ပင်လျင် တရား ဝင် မှု မရှိရာ၊ တရားမဝင်သည့် စစ်အုပ်ချုပ်ရေးဖြင့် ယခုကဲ့သို့ ကွပ် မျက်ရန် လုပ်ဆောင်မှု အပါအဝင် ဖမ်းဆီး နှိပ်စက်၊ သတ်ဖြတ်၊ မီးရှို့ ဖျက်ဆီး သည့် လုပ်ရပ်အားလုံးသည် အကြမ်းဖက် ရာဇဝတ်မှုများ သက်သက်ဖြစ်ပြီး၊ ပြည် တွင်းရှိ တည်ဆဲဥပဒေများ နှင့် နိုင်ငံတကာ ဥပဒေများ၊ စည်းမျဉ်း လုပ်ထုံး လုပ်နည်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု အရပ် ဘက် အဖွဲ့အစည်းများက ထောက်ပြထားသည်။

ယခုကဲ့သို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးအား ကွပ်မျက်ရန် ကြံစည်မှု သည် အကြမ်းဖက် မြန်မာစစ်တပ်၏ ဆိုးရွားလှသော လူ့အ ခွင့်အရေး ချိုး ဖောက်မှုများ၊စစ်ရာဇဝတ်မှုများ၊ လူသားမျိူးနွယ်အပေါ် ရာဇဝတ်မှု ကျုးလွန် မှုများ၊ လူမျိုးတုန်း သတ်ဖြတ်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက် တွေ့ ထိရောက်စွာ တားဆီးဟန့်တား အရေးယူဆောင်ရွက်မှု မရှိသည့် အတွက် အတင့်ရဲစွာ ထပ်မံကျုးလွန်ခြင်း ဖြစ် ကြောင်း၊ သေဒဏ်ပေးမည့် လုပ်ရပ် များ ကို ရပ်တန့်ရန် အတွက် အပြင်းထန်ဆုံး ရှုတ်ချခြင်း အပြင်စစ်တပ် ကို တရား ဝင်စေသည့် လုပ်ရပ်များ နှင့် လက်နက်နှင့် ဝင်ငွေ ရရှိစေသည့် နည်းလမ်း များကို အမြန်ဆုံး ထိရောက် စွာ ရပ်တန့် တားဆီးပိတ်ဆို့သည့် အရေးပေါ် အရေးယူ ဆောင်ရွက် မှုများကို အမြန်ဆုံး ပြုလုပ်ပေးပါရန် နိုင်ငံတကာ အစိုးရ များ နှင့် တရားဥပဒေ ရေးရာ အသိုင်းအဝိုင်းကို တောင်းဆိုကြောင်း အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာရင်းဇယားများအရ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝှမ်းမှ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများအပါအဝင် လက်ရှိအချိန်ထိ အနည်းဆုံး အရပ်သား ၁၉၅၄ ဦး အကြမ်းဖက် သတ်ဖြတ်ခဲ့ပြီး၊​ ၁၁,၀၆၅ ဦး မတရား ဖမ်း ဆီးထားကြောင်း၊ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီက အနည်းဆုံး နေရာ ပေါင်း ၄၃၅ နေရာမှ အနည်းဆုံး အိုးအိမ် ပေါင်း ၂၂,၀၀၀ ကျော်ကို ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s