ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာရှိ ပြည် သူပိုင် နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့ အရှေ့ခြမ်းရှိ မူးကမ်းကြီး ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၄ ရက် နံနက် ၉ နာရီ မိနစ် ၅ဝ အချိန်ခန့်တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည် ။

” စစ်ကောင်စီတပ်ရဲ့ ခန့်မှန်းအင်အားကတော့ ၇၀ခန့် ရှိပါတယ် ။ ရွှေဘို ဝက်လက် ဘက်က စစ်ကြောင်းပါဗျ ။ ရွာကိုတော့ ဒီကနေ့ နံနက်ပိုင်း ၉ နာရီ မိနစ် ၅၀ လောက်မှာ စပြီးရှို့ပါတယ် ။ အခုအချိန်ထ်ိ ရွာထဲကို အကုန်မပြန်ရဲသေးဘူးဗျ ။ ခန့်မှန်း အိမ်ခြေ ကတော့ ၁ဝဝလောက်ပါသွားတယ် ။ မီးဝင်ငြှိမ်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီး လေးဦးကို လည်း စစ်ကောင်စီ တပ်က အကြမ်းဖက် ညှဉ်းပမ်း နှိပ်စက်မှုတွေ လုပ်သွားတယ် ” ဟု မူးကမ်းကြီးကျေးရွာနေ ပြည်သူတစ်ဦးက ဆိုသည်။

ဒီပဲယင်း မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးမှုများကြောင့် မူးကမ်းကြီးကျေးရွာအပါဝင် အနီးအနားရှိ ကျေးရွာများမှ လူဦးရေ ထောင်နှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည် ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s