နိုင်ငံရေး အကျဉ်းသားများအား သေဒဏ်ပေးထားမှု အပေါ် ရှုတ်ချကြောင်းနှင့် စိုးရိမ်ပူပန်ကြောင်း မြန်မာ နှင့်နိုင်ငံ တကာအဖွဲ့ ၂၅ ခုက ထုတ်ဖော်ပြောဆိုပြီး EU အနေဖြင့် အရေးယူဆောင်ရွက်ရန် အိတ်ဖွင့်စာပေးပို့

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများကို အကြမ်းဖက်စစ်တပ်က သေ ဒဏ် ချမှတ် အပေါ် ရှုတ်ချကြောင်းနှင့် စိုးရိမ် ပူပန်ကြောင်း မြန်မာနှင့် နိုင်ငံ တကာ အဖွဲ့ ၂၅ ခုက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဥရောပသမဂ္ဂအနေဖြင့် အ ရေး ယူဆောင်ရွက်ရန် အိတ်ဖွင့်စာပေးပို့ လိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားလာသောအခြေအနေများနှင့် ထိုသို့ ဆိုးရွား လာသော်လည်း ဥရောပသမဂ္ဂက တစုံတရာဆောင်ရွက်မှု မရှိခြင်း နှင့် ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ၄ ဦး ကို ကွပ်မျက်ရန် ရည်ရွယ်ထားသည့် စစ်အာဏာရှင်များ၏ ကြေညာ ချက်ကို ရှုတ်ချရန် ဥရောပသမဂ္ဂကို တောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာတွင် ရေးသား ထားသည်။
စစ်တပ်က မတရားချမှတ်ထားသော စီရင်ချက်ကို ပြောင်းလည်းပစ်ရန်အတွက် ဥရောပသမဂ္ဂက လုပ်နိုင်သမျှ လုပ်ပိုင်ခွင့်အာဏာများအားလုံးကို အသုံးပြု လုပ် ဆောင် ပေးပါရန် ဥရောပသမဂ္ဂကို တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံတွင် ၃၃ နှစ် တာအတွင်း ပထမဆုံးအကြိမ် သေဒဏ်ပေးမည်ဆိုပါက ယခင်ကမမြင် တွေ့ရဖူး သောအကြမ်းနည်းဆန့်ကျင်မှုများ တိုးလာရန် အလားအလာ များရှိ နေကြောင်း၊ ကိုဖြိုးဇေယျာသော်နှင့် ကိုကျော်မင်းယုတို့သည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံး နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်ရာ ထိုသူတို့ အားသေဒဏ်ပေးရန်ကြံစည်မှု သင်္ကေတမှာ နိုင်ငံရေးနှင့် လူ့အခွင့် အရေး ကို သတ်ပစ်ရန်ကြံစည်ခြင်းပင်ဖြစ်ကြောင်း၊ အရပ်ဘက် အဖွဲ့ အစည်း များက ထောက်ပြကြသည်။
ကိုဖြိုးဇေယျာသော်သည် တက်ကြွလှုပ်ရှား သူလူငယ်အဖွဲ့အစည်းဖြစ်သော Generation Wave ကို ထူထောင်သူတဦးဖြစ်ကာ ရွှေဝါရောင် တော်လှန်ရေး တွင် ဦးဆောင်ပါဝင်မှုကြောင့် ၂၀၀၈ ခုနှစ်တွင် အကျဉ်းချခံခဲ့ရကြောင်း၊ NLD ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲ များတွင်၀င်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
ကိုဂျင်မီဟု လူသိများသော ကိုကျော်မင်းယုသည် မြန်မာနိုင်ငံ၏ ယခင်ဆိုရှယ် လစ်အမည်ခံ စစ်အစိုးရကို ဆန့်ကျင်သည့် ၁၉၈၈ ခုနှစ် ကျောင်း သား အရေး တော်ပုံ အတွင်း ထင်ရှားကျော်ကြားသော ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ် သည်။
ကွပ်မျက်ခြင်းများကို လုပ်ဆောင်ရန်ကြံစည်သည့် စစ်အာဏာရှင်တို့၏ ရည် ရွယ်ချက်မှာ “စစ်ဆန့်ကျင်ရေး ခုခံမှုမီးကို “လောင်စာဆီ” ထပ်မံလောင်းလိုက် ခြင်းနှင့် တူသည်” ဟု Human Rights Watch မှ သတိပေးခဲ့သည်။
မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော သေဒဏ်ပေးမှုသတင်းများနှင့် ပတ် သက်ပြီး ဥရောပသမဂ္ဂ သည် ယခုအချိန်အထိ နှုတ်ဆိတ် နေသည် ကိုတွေ့ရ ကြောင်း၊ ယခုလက်ရှိ အလွန်အရေးကြီးလှသည့် အချိန်ကာလတွင် မြန်မာ နိုင်ငံ ရှိ ဥရောပသမဂ္ဂသည် ဥရောပသမဂ္ဂကချမှတ်ခဲ့သော မြန်မာနိုင်ငံ အပေါ် ဒဏ် ခတ် အရေးယူ ခြင်းမူဝါဒကို ထင်ဟပ်စေသည့် မည်သည့်ထုတ်ပြန်ချက်မှ မ ထုတ် ပြန်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂ သည် ကမ္ဘာတစ်ဝှမ်း သေဒဏ် ပေးမှု တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် အကြီးဆုံး အလှူရှင်ဖြစ်ကြောင်း၊ လူ့အခွင့် အရေးဆိုင်ရာ ဥရောပသဘောတူညီချက်နှင့်အညီ ဥရောပသမဂ္ဂ အဖွဲ့၀င် နိုင်ငံ အားလုံး တွင် သေဒဏ်အပြစ်ပေးခြင်းကို ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်း၊ ကုလ သမဂ္ဂ တွင် အမြဲတမ်းလေ့လာသူ အနေဖြင့် ဥရောပသမဂ္ဂသည် သေဒဏ် အ ဆုံး သတ်ရေး ဆောင်ရွက်မှုအားလုံးကို ထောက်ခံအားပေးလျက်ရှိပြီး သေ ဒဏ် စီရင်သည့်စနစ်ကို အသုံးပြုဆဲနိုင်ငံများ၏ လုပ်ရပ်များအား ရှုတ်ချသည့် ဆုံး ဖြတ်ချက်များကို အစဥ် လုပ်ဆောင်လေ့ရှိကြောင်း၊ သို့သော်လည်း မြန်မာ နိုင်ငံတွင် ရှိနေသော ဥရောပသမဂ္ဂကမူ မြန်မာနိုင်ငံတွင် လက်ရှိဖြစ် ပေါ် နေသည့် သေဒဏ်စီရင် ခြင်းများ နှင့် ပတ် သက်ပြီး နှုတ်ဆိတ်နေ သည် ကိုတွေ့ ရကြောင်း အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။
လူ့အခွင့်အရေးဆိုင်ရာ ဥရောပသဘောတူညီချက်အရ သေဒဏ်ချမှတ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန်နှင့် မြန်မာနိုင်ငံတွင် စီစဉ်ထားသော သေ ဒဏ် ပေးမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ဥရောပသမဂ္ဂကို တောင်းဆို ကြောင်း၊ မြန်မာစစ်အာဏာရှင်တို့၏ လုပ်ဆောင် ချက်များအား ဥရောပ သမဂ္ဂ တွင် လက်ရှိရရှိထားသည်ထက် များစွာ ပိုမိုစိစစ်ရန် လိုအပ်ကြောင်း၊ ထို့ ကြောင့် အချိန်မနှောင်းမီ မြန်မာနိုင်ငံအပေါ် ပြတ်သားသော ရပ်တည် ချက် ထား ရှိရန် ဥရောပသမဂ္ဂအား တောင်းဆိုကြောင်း ဖော်ပြထားသည်။ khit thit