ပုဏ္ဏားကျွန်းမြို့တွင် စျေးဝယ်ထွက်လာသည့် စစ်သား ၂ ဦး လိုက်လံဖမ်းဆီးရာ ၁ ဦး အဖမ်းခံရပြီး ၁ ဦး လွတ်မြောက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ယနေ့ မွန်းလွဲပိုင်း စျေးဝယ်ထွက်လာသည် စစ်သား ၂ ဦးကို အမည်မသိသူတချို့က လိုက်လံ ဖမ်းဆီးရာ ၁ ဦး ဖမ်းဆီး ခံရပြီး စစ်သား ၁ ဦး လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းမှ စစ်သည် ၂ ဦး စျေးဝယ်ထွက်လာစဉ် ဖမ်းဆီးခြင်း ဖြစ်ပြီး စစ်သား ၂ ဦးအနက်မှ ၁ ဦး ဖမ်းဆီးရမိကာ ၁ ဦး လွတ်မြောက်သွားကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မဟာမိတ် Western News တွင် အဆိုပါ သတင်းကို အတည်ပြု ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက စျေးဝယ်လာ သည့် စစ်ကောင်စီတပ်သား ၁ ဦးကို ယနေ့ဇွန်လ ၁၆ ရက်နေ့ နေလည်ပိုင်း ၂ နာရီကျော်ခန့်က က ရက္ခိုင်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခဲ့ ကြောင်း မျက်မြင်များ ကပြောသည်။
စစ်ကောင်စီ တပ်သား ၂ ဦးမှာဆောက်လုပ်ရေးပစ္စည်းလာဝယ်ရာတွင် တစ်ဦး ကို ဖမ်းဆီးသွားပြီး နောက်တစ်ဥဦးမှာ ထွက်ပြေး သွားလွတ် မြောက်သွား ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးက Western News ကိုပြောသည်။
“မြန်မာစစ်သား ၂ ဦးက ဆောက်လုပ်ရေးပစ္စည်းတွေ လာဝယ်တာမှာ ဖမ်းတာ လို့သိရတယ်။ တစ်ယောက်ကိုတော့ ဖမ်းသွားပြီး နောက်တစ်ယောက်ကတော့ ထွက်ပြေးလို့လွတ်သွားတယ်။ ဖမ်းတဲ့နေရာနဲ့ စစ်တပ်နဲ့က နီးနီးလေးပဲ။ ဖမ်း သွားတဲ့ စစ်သားရဲ့ ရာထူးတွေကိုတော့ မသိရသေးဘူး”ဟုပြောသည်။
စစ်ကောင်စီ တပ်သားနှစ်ဦးမှာ အရပ်ဝတ်ဖြင့် ပုဏ္ဏားကျွန်းမြို့မစျေးမှ ဆောက် လုပ်ရေး ပစ္စည်းဝယ်ယူ၍ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းနားတွင်ဖြစ်ကြောင်း မျက်မြင် များက Western News ကို ပြောသည်။
စစ်ကောင်စီတပ်သားများအဖမ်းခံရပြီးနောင်ပိုင်း လက်နတ်ငယ်များဖြင့် ပစ် ခတ် သံများ ဆက်တိုက်ကြားရပြီး စစ်ကောင်စီတပ်ဖွဲ့များက မြို့အဝင် အထွက် လမ်းတစ်ချို့မှာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း အမည် ဖော်လို သည့် နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။
“စစ်သားတစ်ယောက်ဖမ်းသွားတော့ သေနတ် ၆ ချက်လောက်ပစ်ပြီးတော့
စစ်သား တွေ မြို့ပတ်ပြီးရှာနေကြတယ်။ လမ်းတွေမှာလည်း လူတွေ တစ် ယောက်မှ မရှိကြတော့ဘူး။ မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေး နေတာ တွေရှိ တယ်”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရက္ခိုင့်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းရာတွင် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြန်လည် ဖြေ ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့တွင် စစ်ကောင်စီတ ပ်သားတစ်ဦးကို ဖမ်းဆီးခဲ့သည်မှာ မှန်ကန်ကြောင်းရက္ခိုင့်တပ်တော် AA က ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်ကောင်စီတပ်သားများက AAတပ်ဖွဲ့ဝင်များကို ဖမ်းဆီးတာကြောင့် စစ် ကောင်စီ တပ်သားတွေကို ပြန်လည်ဖမ်းဆီးနေတာဟု ရက္ခိုင်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဇွန်လ ၁၄ ရက်နေ့ကပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လတ်တလော ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် AA တို့အကြား တင်းမာမှုများ ဖြစ်ပွား နေပြီး မကြာသေးမီကလည်း ကျောက်တော်မြို့ပေါ်တွင် စစ်သား ၂ ဦးကို AA က ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကာ နှစ်ဖက် စစ်ရေး တင်းမာလျက် ရှိနေ ကြောင်း သိရှိရသည်။
(မူလသတင်းတွင် စစ်သား ၂ ဦး ဓားထိုးခံရပြီး သေဆုံးဆိုသော သတင်းမှာ သတင်းရင်းမြစ်နှင့် ဆက်သွယ်ပြောဆိုသော ဘာသာ စကား အ ခက် အခဲကြောင့် နားလည်မှု လွဲမှား ၍ ဖော်ပြခဲ့ ခြင်း ဖြစ်ပြီး အဆိုပါ မှားယွင်းမှုအတွက် စာဖတ် ပရိတ်သတ်ကို တောင်းပန် အပ်ပါသည်။ ) khit thit