ပဲခူး၊ ထန်းတပင်တွင် အသက် ၃၀ အရွယ် ကိုမင်းဆိုသူကို စစ်တပ်က ပစ် သတ် ဖြတ် ၊ ကိုယ်ဝန်ဆောင်ဇနီးသည်နှင့် သား ၁ ဦး ကျန် ရစ်၊ စစ်ကိုင်း၊ ချောင်း မကြီး ကျေးရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၈၂ လုံး မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ဂွအိုင် ကျေးရွာအနီးတွင် ကိုမင်းဆိုသူကို စစ်တပ်က ပစ်သတ်လိုက်ပြီး ကိုယ်ဝန် ဆောင် ဇနီးသည်နှင့် သား၁ ဦး ကျန်ရစ်ကြောင်း ဒေသခံများက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်တွင် စစ်တပ်က ဂွအိုင်ကျေးရွာအနီး တွင် ကိုမင်း ဆိုသူကို သပြေသီးကောက်သွားစဉ် တွေ့ရှိ၍ လက်ပြန်ကြိုးတုတ် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ရေဝင် သဖန်းချောင်းလမ်းဆုံတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

” KNU တပ်မဟာ၂ ရင်း ၆ နယ်မြေမှ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကိုမင်း ကို သပြေသီးကောက်နေချိန်တွင် လက်ပြန်ကြိုးတုတ်ဖမ်းဆီးသွားတယ်။ ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်မှာ ရေဝင်သဖန်းချောင်းလမ်းဆုံမှာ ပစ်သတ်ခဲ့တယ်။ သေဆုံးချိန်မှာ ဇနီး မသင်းနှင့် သားလေးတစ်ယောက် ကျန် တယ်။ မသင်းမှာ ကိုယ်ဝန်အရင့်အမာဖြစ်နေတော့ မနေ့ညက ဗိုက်နာ နေပြီး မီးဖွားမလိုဖြစ်နေတယ်။ ကိုမင်း အ လောင်းအား အခုအချိန်အထိ စစ်တပ်က သယ်ဆောင်ခွင့်မပေးဘူး” ဟုဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် ခလရ ၇၃ ပစ်ခတ်ခံရပြီး နောက် စစ်တပ်က စစ်အင်အားတိုးချဲ့နေပြီး ၁၂၀ မမ များပါ တပ်ဆင်နေ ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ချောင်းမကြီးရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်ကာ ပြည်သူ ၃ ဦး ပစ်ခတ်ခံရကြောင်း Gz Special Task Force အဖွဲ့ထံမှ သိရသည်။

စစ်တပ်က ချောင်းမကြီးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် ၈၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး နွား ၄၈ ကောင် ၊ ဆိတ် ၅၆ ကောင် ၊ သိုး ၈ ကောင် ၊ ဝက် ၈ ကောင်ကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့​ပြီး ပျက်စီး ဆုံးရှုံးမှု တန်ဖိုး သိန်း ၆၅၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခရိုင်ချင်းဆက်လမ်းပေါ်၌ အိမ်စီးကား ၂ စီးဖြင့် ပြည်သူအယောင် ဆောင်၍ ဝင်ရောက်ခဲ့ပြီး ချောင်းမကြီး ရွာ မြောက်ဘက်ပိုင်းတွင် ကင်းပုန်းထား၍ ချောင်းမကြီးရွာအတွင်းသို့ သေနတ် များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူ ပိုင် နေအိမ်များကို မီးရှို့ခဲ့ပြီး ခရိုင်ချင်းဆက် လမ်းအတိုင်း မြောက်ဘက်ဆို ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s