ဘုတလင်တိုက်ပွဲတွင် ကျဆုံးသွားသည့် မုံရွာခရိုင် အမှတ်(၁)တပ်ရင်းမှ တပ်ခွဲမှူး ကိုဇော်ထက်ဝေ အားကောင်းမွန်စွာ မီးသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၌ ဇွန်လ ၁၃ ရက်နေ့က ဖြစ်ပွါးခဲ့သော တိုက်ပွဲတွင် လက်နက်ကြီးကျည် ထိမှန်၍ ကျဆုံးသွားသည့် မုံရွာခရိုင် အမှတ်(၁)တပ်ရင်းမှ တပ်ခွဲမှူး ကိုဇော်ဝေထက်(ခေါ်) ဇော်လေး၏ စျာပန အခမ်းအနားကို ဇွန်လ ၁၄ ရက် နံနက် ၉ နာရီခန့်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

“ရဲဘော် ဇော်လေးက ကျွန်တော်တို့ MPDF တပ်ရင်း (၁)ရဲ့ အားကိုးအားထားရတဲ့သူ တစ်ဦးပါ။ နိုင်ငံ အရေးနဲ့ အများပြည်သူ အကျိုးကို အ မြဲတမ်း ခေါင်းထဲ ထည့်ထားသူ တစ်ဦးပါဗျ။ ဒီလိုမျိုး အာဇာနည် ရဲဘော်တစ်ဦးကို ဆုံးရှုံးလိုက်ရတာဟာ အင်မတန်မှ ဝမ်းနည်း ကြေကွဲဖို့ ကောင်း ပါတယ် ” ဟု MPDF တပ်ရင်း(၁)မှ ယာယီတပ်ရင်းမှူး ကိုဇင်ထိုက်က ဆိုသည်။

အဆိုပါ စျာပန အခမ်းအနားတွင် MPDF တပ်ရင်း (၁)မှ ကျဆုံးရဲဘော် ဇော်လေးအား အာဇာနည် တစ်ဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

MPDF တပ်ရင်း(၁)သည် မပြီးပြတ်သေးသော တော်လှန်ရေးအား တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ကတိပြုရင်း ကျဆုံးရဲဘော်ဇော်လေးအား ဦးညွှတ်အလေးပြုခဲ့ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s