ဘုတလင်၊ ကူတော်ရဲစခန်းကို PDF တပ်များ တိုက်ခိုက်မှု စစ်ကောင်စီ တပ် ဖွဲ့ ဝင် ၇ ဦးသေ ဆုံး၊ ပဲခူးတွင် ရဲတပ်ကြပ် ထွန်းထွန်းနိုင် ပစ် ခတ်ခံရပြီး သေဆုံး၊ မိုး ညှင်း တွင် စစ်ကား ၃၃ စီး မိုင်းဆွဲခံရပြီး စစ်သားများ သေဆုံးထိခိုက်မှု များပြား နိုင်

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းကို ဒေသခံကာကွယ်ရေး တပ် ဖွဲ့ များက ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ် ဝင်ရောက် တိုက် ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ် ကနီသားများ၏ ရင်တွင်း အသံအဖွဲ့ထံမှ သိရသည်။

အဆိုပါ ရဲစခန်းကို အရာတော်တပ်ပေါင်းစု၊ ဒီးပဲယင်းတပ်ပေါင်းစု၊ ကနီတပ် ပေါင်း စု နှင့် ဘုတလင်မြို့မြောက်ပိုင်းတပ်ပေါင်းစုတို့က ပူးပေါင်း တိုက်ခိုက် ခဲ့ ခြင်း ဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်သားများ ထိခိုက်သေဆုံးမှုစာရင်းကို အဆိုပါ ရဲစခန်း၌ ဖမ်းဆီးခံထားရပြီး ပြန်လည် လွတ်မြောက်လာသူ ၃ ဦးက အတည်ပြုပြောဆိုခြင်းဖြစ်ပြီး ယင်း စခန်း တွင် စစ်သား အင်အား ၃ဝ ခန့်ရှိပြီး လက်ရှိချိန်တွင် ၂၃ ဦးသာ ကျန်ရှိ တော့ ကြောင်း သိရသည်။

အဆိုပါ ရဲစခန်းသည် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပထမ အကြိမ် ဝင်ရောက်တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ဘုတလင် စခန်းသို့ ဆုတ်ခွာခဲ့ကြောင်း၊ ဒုတိယ အကြိမ် စခန်း တည်ဆောက်ရန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထပ်မံ ကြိုး စား ပြင်စဉ်နေချိန်တွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေရဲစခန်းမှ ရဲ တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ ၁ က ယနေ့ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ကျောက်တံခါးမြို့အဝင် ဆိုင်းဘုတ်ရှေ့၌ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမြှောက် စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဌာနချုပ်မှ မန္တလေးဘက်သို့ ထွက်ခွာလာသော စစ်ကား ၃၃ စီးပါ ယာဉ်တန်းကို KIA တပ်ဖွဲ့နှင့် ကသာခရိုင် တပ်ရင်း ၂ အင်းတော် PDF တပ်များက ဇွန်လ ၁၅ ရက်နေ့ နံနက် ၀၀ နာရီ ၂၄ မိနစ်ခန့်တွင် ၂ နေရာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား များ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။

အင်းတော်မြို့နယ် မော်လူးနှင့် နဘားအကြားတွင် နံနက် ၂ နာရီခန့် ထပ်မံ၍ မိုင်း ၅ လုံး ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီးလမ်းဘေးသို့ ထိုးကျ ခဲ့ကာစစ်သားများ ထိခိုက်သေဆုံးမှုများပြားနိုင်ပြီး အရေအတွက် အတည် မပြု နိုင်သေးကြောင်း သိရသည်။

အင်းတော်နှင့် ကျောင်းကုန်း ရွာကြားတွင်လည်း နံနက် ၇ နာရီ ၃ဝ မိနစ်တွင် မိုင်း ၁ဝ လုံးကျော်ဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဝ ကျော်ခန့် ပါသော စစ်ကား ၂ စီးသည် ပက်လက်လန်သွားကာ စစ်သားများ ထိခိုက် သေ ဆုံးမှု များပြားနိုင်ပြီး အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် ဒဏ် ရာရ စစ်သားများနှင့် သေဆုံးသွားသော စစ်သား အလောင်းများကို ကား ပေါ်သို့ ဆွဲတင်သွားကြောင်း ဒေသခံ ပြည်သူများထံမှသိရသည်ဟု ကသာခရိုင် တပ်ရင်း ၂ အင်းတော် ဒေသကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့က ထုတ် ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s