မင်းတပ်အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းက မွီတွီရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ပြည်သူ ၃ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၄ က ယနေ့ ဇွန်လ ၁၆ ရက် နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် မွီတွီရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံ ပြည်သူ ၃ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးသတင်းအဖွဲ့ထံမှ သိရှိရသည်။

‘မွီတွီရွာကျေးရွာအနီး တောင်ယာလုပ်နေသော အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၃ ဦး စကစ၏ လက်နက်ကြီးဗုံးဆံထိမှန် သေဆုံးသည်’ ဟု မင်းတပ် ပအဖ သတင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ရှိ ကျေးရွာ ၁ ခုတွင်လည်း လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၄ လုံး ပျက် စီးကာ အမျိုးသား ၁ ဦး ဒဏ်ရာရကြောင်းလည်း မင်းတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

လက်ရှိတွင် အဆိုပါကျေးရွာများအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ အများပြည်သူနေ ထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ချိန်ရွယ်ပစ်ခတ်နေခြင်းဖြစ်ကြောင်း CDF မင်းတပ် ပြောခွင့်ရက ပြောသည်။

“ကျနော်တို့ CDF စခန်း၊ ရဲဘော်တွေ လှုပ်ရှားနေတာကို မြင်လို့ ပစ်တာမဟုတ်ဘူး၊ အကြောင်းမဲ့သက်သက် ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကို ပစ်တာ အကြိမ်ပေါင်းများစွာရှိနေပြီ။ မင်းတပ်မြို့ပေါ်တိုက်ပွဲဖြစ်ပြီး သူတို့က တောက်လျှောက်ကို ပစ်နေတာ။ ဒီလို အပြစ်မဲ့ပြည်သူတွေထိ ခိုက်အောင် ဆက်လုပ်နေရင် ကျနော်တို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကျနော်တို့ ထုတ်ပြန်ထားတာ ရှိပါတယ်” ဟု CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြေဆိုသည်။

ဇွန်လ ၁၄ ရက်နေ့တွင် မင်းတပ်မြို့အဝင်ဂိတ်ကို CDF မင်းတပ်က သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ပြီး စစ်ကူလာသော တပ်ဖွဲ့ကို ထပ်မံတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း CDF မင်းတပ် က သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s