မိဘများနှင့် EAO အဖွဲ့ဝင်အချို့ ၏တောင်း ဆိုချက်များကြောင့် PDF များ အလင်းဝင်ရန်ပြန်ခေါ်နေဟု စစ်ကောင်စီပြန်ကြားရေးပြော

PDF များလက်နက်စွန့်ပြီး ပြည်သူဘဝခံယူရန်ခေါ်ယူနေခြင်းမှာ PDF များ၏မိဘများက ပြန်ခေါ်ပေးရန် တောင်းဆိုမှုများရှိသည့်အတွက် ခေါ်ယူခြင်းဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဇွန်လ ၁၆ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။
ထို့အပြင် PDF အဖွဲ့များကိုလက်ခံထားသည့် EAO အဖွဲ့များအနေဖြင့် လက်ခံထားရသည့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေ၍ ၎င်းတို့၏တောင်း ဆိုချက်များကြောင့် ခေါ်ဆောင်နေရခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်းကလည်း PDF များလက်နက်ချရန် ဓါတ်တိုင်များတွင် စာကပ် ပြီး ပြောကြားခဲ့ခြင်းများလည်း ရှိခဲ့သည်။
ထို့နောက် ယခုနှစ်ဇွန်လ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအပါအဝင် အခြား အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းလက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည် ဝင်ရောက် လျှင် လက်ခံသွားမည်ဖြစ်ကြောင်း ဝါဒဖြန့်မီဒီယာများမှတဆင့် ပြောကြားခဲ့သည်။
ကြေညာပြီးရက်ပိုင်းအတွင်း PDF များ လက်နက်ချဝင်ရောက်လာသည်ကို ဝါဒဖြန့်မီဒီယာများမှ နေ့စဉ် နီးပါးဖော်ပြလာပြီး လက်ရှိအချိန်တွင် ၃၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာတွင် ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး၊ PDF များ တောခိုရာမှ ပြန်လည်ရောက်ရှိလာ ရေးအပြင် ရွေးကောက်ပွဲနှင့်ဖက်ဒရယ်ကိစ္စကို တွင်တွင်ကျယ်ကျယ်ပြော ဆိုလာသည်ကို တွေ့ရသည်။ mizzima