ရန်ကုန်၊ မန္တလေး နန်းတွင်းစစ်တပ်ဂိတ်နှင့် မြင်းမူပညာရေးမှူးရုံးအနီးတို့တွင် ဗုံးခွဲမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား

ရန်ကုန်တိုင်းဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့ ယနေ့ ညနေ ၅ နာရီ ၄၄ မိနစ်အချိန် ယုဇန၊ ပုဏ္ဏမီဘက်တို့တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဗုံးကွဲသံက ကျယ်တယ်။ ယုဇနဘက်ကတော့ ပီပီသသကြားရတယ်။ ထိခိုက်မှု ရှိ၊ မရှိတော့ မသိရဘူး။ အခုကလည်း ဗုံးပေါက်ရင် ပေါက်တယ်ပေါ့။ လူတွေ ကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကုန်ကြပြီ” ဟု ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။
အလားတူ မန္တလေးမြို နန်းတွင်းထဲတွင် ယနေ့ နံနက်ပိုင်း နန်းတော်ဝင်ပေါက်ရှိ စစ်ကောင်စီကင်းစခန်း သေနတ်ဖြင့် ပစ်ခတ်မှု တစ်ရပ်ဖြစ်ပွားကြောင်း သိရှိရ သည်။
မန္တလေးမြို့၊ (၁၉)လမ်း နန်းမြို့ရိုးဝင်ပေါက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ဂိတ်ကို ယနေ့ ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ် တိုက်ခိုက် ခဲ့ ကြောင်း၊ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force – PDF (ROM) က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ နန်းတွင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဂိတ်ပေါက်ကို ROM ၊ YURF နှင့် MDY UG alliance အဖွဲ့များ ပူးပေါင်းပြီး ပစ်ခတ် တိုက် ခိုက်ခဲ့ မှုနှင့်ပတ်သက်ပြီး “ROM ၊ YURF နှင့် မဟာမိတ်အဖွဲ့များမှ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဂိတ်ပေါက်ကို ငရုတ်သီး ကျွေးခဲ့ပါတယ်။ လမ်းသွားလမ်းလာ ပြည် သူများကို ရှောင်ပစ်ခဲ့ရပြီး လက်နက်အခက်အခဲကြောင့် နှစ်ချက်ခန့် ပစ်ပြီး အမြန်ပြန်ဆုတ်ခဲ့ရပါတယ်။ ပြည်သူတွေဘက်မှာ ကျွန်တော်တို့ ရှိနေပါတယ်လို့ အသိပေးရင်း ဒီနေ့လှုပ်ရှားမှု ကြေညာအပ်ပါသည်” လို့ Mandalay Ranger Force – PDF (ROM) က သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း မြင်းမူမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ယနေ့ ဇွန်လ ၁၅ ရက် နေ့ ညနေ ၄ နာရီခွဲအချိန် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြင်းမူ မြို့ နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
“ပေါက်ကွဲသံ ကြားရပြီးနောက် စခ၊ရခများမှ မြင်းမူ အ.ထ.က(၁) ကျောင်း ကြီး ရှေ့၊ ပညာရေးရုံးနားနှင့် မြင်းမူမြို့မဈေး ကွေ့နားတွေမှာ သေ နတ်ပစ်ဖောက် နေ တယ်လို့ သတင်းရပါတယ်။ မြင်းမူမြို့မဈေးကွေ့မှာ လမ်းသွား၊လမ်းလာ ကား၊ ဆိုင်ကယ်များကို တားဆီးစစ်ဆေးတယ်လို့ ကနဦးသတင်းရရှိပါတယ်” လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။ khit thit