ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး ကားအ၀င်အထွက် ဂိတ်ပေါက်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်းရှိ အရှေ့ပိုင်းခရိုင်တရားရုံး ကားအ၀င်အထွက်ဂိတ်ပေါက်ဘေး တရားရုံးဆိုင်းဘုတ်အနီးတွင် ယနေ့ ဇွန် ၁၆ ရက် နံနက် ၇ နာရီ မိနစ် ၂၀ ခန့်အချိန်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း တရားရုံးအနီးရှိသူတစ်ဦးက မဇ္စျိက ကိုပြောသည်။
“ အသံဗုံးပေါက်တာပါ။ လူအထိအခိုက်တော့ မရှိပါဘူး။ အခုတော့ လုံခြုံရေးအဖွဲ့တွေလာပြီး စစ်ဆေးနေပါတယ်။ ပစ်ပြီးပြေးတဲ့ပုံဘဲ။ တရားရုံး ဆိုင်းဘုတ်အနီးမှာပါ” ဟု ဆိုသည်။
ယင်းဖောက်ခွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုခြင်းကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ယခုရက်ပိုင်း ရန်ကုန်မြို့အတွင်း သာကေတ၊ အရှေ့ဒဂုံ ၊ ဗဟန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနှင့် သန်လျင်မြို့နယ်တို့၌ ပေါက်ကွဲမှုနှင့် ပစ် ခတ်မှု ဖြစ်စဉ်များ ဖြစ်ပွားလျှက်ရှိပြီး၊ ယင်းအပေါ်စစ်တပ်ကလည်း ဧည့်စာရင်းစစ်ဆေးခြင်း၊ ဖမ်းဆီးမေးမြန်းခြင်းများရှိနေသည်။mizzima