ရှောင်တာနယ်အမှု ပြန်ခေါ်သက်သေ ရဲမှူး ၂ ဦးကို စစ်ဆေး

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်အမှုကို ဇွန် ၁၆ ရက်နေ့က ဆက်လက်ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရုံးချိန်းမှာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ) ကို စွဲချက်တင်အမိန့်ချလိုက်ပြီး စွပ်စွဲခံရသူတွေဘက်က တ ရား လိုအပါအဝင် လေးဦးကို ပြန်ခေါ်သက်သေခေါ်ထားတာ ဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေလေးဦးထဲက ရဲမှူးနှစ်ဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားပြီး ပြီးခဲ့တဲ့ရုံးချိန်းမှာ အဆိုပါပုဂ္ဂိုလ်လေးဦးကို အားပေးကူညီမှုနဲ့ စွဲချက်တင်အမိန့်ချခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတဲ့ နိုင်ငံခြားသား တော်တော်များများကို နှစ်နိုင်ငံချစ်ကြည်ရေးအရ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်ကိုတော့ အခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s