ကဗျာဆရာ လူဖန်ခါးနှင့် ပုသိမ်မြို့ခံလူငယ် ၅ ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ်များချ မှတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို စစ်ကောင်စီက ဇွန် ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှာ ဦးဆောင်ခဲ့တယ်ဆိုပြီး ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို ပုဒ်မ ၅၀၅(က) အပြင် ပြည် သူ့ဝန်ထမ်းကို တားဆီးဟန့်တားတယ်ဆိုတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၃၂ နဲ့ပါ တရားစွဲပြီး ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

“သူတယောက်တည်းတော့ မဟုတ်ဘူး။ အဲ့နေ့ကအမိန့်ချတာ အားလုံး ၆ ယောက်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုဝင်းထွန်းနိုင်လည်းပါတယ်။ နောက်ထပ် လူငယ် ၄ ‌ယောက်လည်း ပါတယ်။ ကျန်တဲ့သူတွေကိုတော့ ၂ နှစ်စီချတယ်။ ကိုဝင်းထွန်းနိုင်ကိုလည်း နောက်ထပ် ၅ နှစ်ချတယ်။”

ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို ထောင်ချတဲ့နေ့မှာပဲ ပုသိမ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းသူ၊ ကိုထွဋ်ခေါင်ဝင်း၊ ကိုကောင်းသန့်နဲ့ မစိုးစန္ဒာတို့ကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့ပြင် တနေ့တည်းမှာ ထပ်တိုးအမိန့်ချမှတ်ခံရတဲ့ ကိုဝင်းထွန်းနိုင်ကတော့ ဖမ်းဆီးခံရပြီးနောက်ပိုင်း ဇွန်လ ၇ ရက်နေ့က ပထမအကြိမ် ထောင် ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပြီး နောက်ထပ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာဖြစ်တယ်လို့  သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s