ကမ္ဘောဇဘဏ်ခွဲ(KBZ ) ဓားပြတိုက်ခံရပြီး‌ေနာက် စစ်‌ေကာင်စီတပ်က တစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးနေ

မန္တလေးမြို့ ကမ္ဘောဇဘဏ်ခွဲ(KBZ ) ဓားပြတိုက်ခံရပြီး‌ေနာက် စစ်‌ေကာင်စီတပ်က တစ်မြို့လုံးကိုပိတ်ဆို့စစ်ဆေးနေကြောင်း မြို့ခံများထံက သိရသည်။

မန္တလေးမြို့ ၂၆လမ်း၊၆၂လမ်းနှင့်၆၃လမ်းကြားရှိ အောင်တော်မူဘဏ်ခွဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဘဏ်သည် အမှတ်( ၃ ) ရဲစခန်းအနီးတည်ရှိသည်။

ဆိုင်ကယ်နှင့်လာကာ ကြွပ်ကြွပ်အိတ်အနက်ထုတ်ကို ဘဏ်အဝတွင်ချပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်းသိရပြီး တခြားအသေးစိတ်အ ချက်အလက်ကို မသိရသေးပါ။

“အခုကတော့တစ်မြို့လုံး ပိတ်စစ်နေတယ်။ကားတွေပါ အကုန်ဖွင့်စစ်နေတယ်”ဟု မန္တလေးမြို့ခံတစ်ဦးကဆိုသည်။

လက်ရှိတွင် အဆိုပါဘဏ် အနီးတဝိုက် အပါအဝင် မန္တလေးမြို့အတွင်းနေရာ ၃၀ခန့်ကို စစ်အုပ်စုက ပိတ်ဆို့စစ်ဆေးနေကြောင်း မြို့ခံများက ဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s