စစ်တပ်အတွက် လေယာဉ်နှင့်လေကြောင်းဆိုင် ရာများ တင်သွင်း ပေးသူ မြန်မာ ခုနှင့် ရုရှားကုမ္ပဏီ ၆ ခုကို ဗြိတိန်က ပိတ်ဆို့အရေးယူ၊ စစ်တပ်အတွက် လေ ယာဉ်ဆီ တင်သွင်းခွင့် ဆက်လက် ပိတ်ပင် ရန် တောင်းဆို

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ် နှင့်လေကြောင်းဆိုင်ရာ အစိတ်အပိုင်းများ တင်သွင်းပေးနေသူ မြန်မာ ကုမ္ပဏီ ၃ ခုနှင့် ရုရှား ကုမ္ပဏီ ၃ ခုကို ဗြိတိန်အစိုးရက စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူ လိုက် ကြောင်း ဗြိတိန်အစိုးရက ယနေ့ ထုတ်ပြန်ကြေညာသည်။
စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့မှုတွင် ပါဝင်သော မြန် မာ ကုမ္ပဏီ သုံးခုဖြစ်သည့် Synpex Shwe၊ Myanmar New Era Trading နှင့် Sky Aviator ၊ စစ်တပ်အတွက် လေကြောင်းဆိုင်ရာ အစိတ်အပိုင်းများ ပံ့ပိုး ပေးနေသည့် ရုရှားကုမ္ပဏီ ၃ ခု ဖြစ်သည့် Ural Avia၊ Sins Avia Trading House နှင့် JSC Gorizont စုစုပေါင်း ကုမ္ပဏီ ၆ ခုကို ဗြိတိန်အစိုးရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်ခြင်းဖြစ် သည်။
မြန်မာ့အရေး တက်ကြွလှုပ်ရှားသော Burma Campaign UK က ဗြိတိန်က ချ မှတ်ထားသည့် ပိတ်ဆို့အရေးယူမှု အသစ်ကို ကြိုဆိုလိုက်ပြီး ပိတ်ဆို့အရေး ယူ မှု အရှိန်အဟုန်ကို မြှင့်တင်ရန် နှင့် စစ်ဘက်သို့ လေယာဉ်ဆီလောင်စာများ တင် သွင်းမှုကိုလည်း ထပ်မံ ပိတ်ဆို့ရန် တောင်းဆိုလိုက်သည်။
“ဒီလို ပိတ်ဆို့အရေးယူမှုတွေကို ကြိုဆိုပြီး အရေးယူမှုတွေ လုပ်သင့်တာ ကြာ မြင့် နေပြီ ဖြစ်ပါတယ်။ ဗြိတိန် အစိုးရမှာ မှန်ကန်တဲ့ ပိတ်ဆို့အ ရေးယူ မှု မူဝါဒ ရှိပေမယ့် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မြန်မြန်ဆန်ဆန်ချမှတ်ဖို့ လုံလောက်တဲ့ အရင်း အမြစ် တွေ မထားရှိပါဘူး။ မြန်မာစစ်တပ်အတွက် လေကြောင်း လောင်စာဆီ လမ်း ကြောင်း ကို ပိတ်ဆို့မှုက အရပ်သားများ အပေါ် လေကြောင်း တိုက်ခိုက် မှု ကြောင့် ဖြစ်ပွားရတဲ့ လူသားချင်းစာနာမှု ဆိုင် ရာ အကျပ်အတည်းကို ဖြေရှင်းဖို့ တစ်ခုတည်းသော အထိရောက်ဆုံး ဖြေရှင်းနည်း လုပ် ဆောင်ချက်ပဲ ဖြစ်ပါတယ်။ လေ ယာဉ် ဆီတင်သွင်းမှုအတွက် ဒဏ်ခတ် အရေးယူမှုတွေအတွက် ဦးစားပေး လုပ် ရမယ် ” ဟု Burma Campaign UK ၏ ဒါရိုက်တာ Mark Farmanerက ပြော ကြားသည်။ khit thit