ဆီးဂိမ်းစ် ရွှေတံဆိပ်ဆုရှင်များကို ကားဝယ်ခွင့်ပြုမည်ဟု စစ်ခေါင်းဆောင်ပြော

ပြီးခဲ့တဲ့ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ အားကစားသမားတွေကို  မော်တော်ယာဉ်တွေ အထူးကိစ္စအဖြစ် ဝယ်ယူခွင့်ပြုပေးသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ဇွန် ၁၆ ရက်ကကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေတက်ရောက်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ စစ်ကောင်စီပြန် ကြားရေးက သတင်းထုတ်ပါတယ်။

ဗီယက်နမ်မှာပြီးခဲ့တဲ့လက ကျင်းခဲ့တဲ့ (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဆုရရှိခဲ့သူတွေကို ထိုက်တန်စွာ ဆုတွေပေး အပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ဆုရရှိခဲ့သူတွေထဲက ရွှေတံဆိပ်ရသူတွေကို မော်တော်ယာဉ်တွေ အထူးကိစ္စဖြင့်ဝယ်ယူခွင့်ကို ခွင့်ပြုပေး သွားမှာဖြစ်ကြောင်း၊ ရွှေတံဆိပ်ရရှိပါက မိမိတို့နိုင်ငံရဲ့အလံကို တခြားနိုင်ငံအလံတွေရဲ့အပေါ်မှ လွှင့်တင်နိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်မှာဖြစ်လို့ ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်ခဲ့သူသူတွေကို အခုလို ထူးအခွင့်အလမ်းတွေ ပေးခြင်းတာလို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ လာမယ့်  (၃၂)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို ထည့်သွင်း ယှဉ် ပြိုင်နိုင်ရေး စီမံဆောင်ရွက်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်က အခုလိုပြောကြားပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ဆီးဂိမ်းစ်ရွှေတံဆိပ်ရ မြန်မာအားကစားသမားတွေကို  နိုင်ငံတော်က အားပေးဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ လူစီးမော်တော်ယာဉ်ဝယ်ယူခွင့်ကို အထူးကိစ္စရပ်အနေနဲ့ ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ရွှေတံဆိပ်ဆုရ အားကစားသမားတွေဟာ ပြည်တွင်းရှိ မော်တော်ယာဉ် Showroom နဲ့ Sale Center တွေမှာ စက်စွမ်းအား ၂၀၀၀ စီစီနဲ့ အောက်၊ CIF တန်ဖိုး(ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ နဲ့အောက် လူစီးမော်တော်ယာဉ်တစ်စီးစီ ဝယ်ယူခွင့်ပြုမှာဖြစ်ပြီး ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကိုလည်း ကင်းလွတ်ခွင့်ပြုမယ်လို့ ကြေညာထားပါတယ်။

ဗီယက်နမ်နိုင်ငံမှာ မေလ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့  အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဦးစေလွှတ်ပြီး အားကစားနည်း ၂၀ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၂ ခုတို့ကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၇ သာရပ်နိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးဂိမ်းစ်မှာ ရွှေတံဆိပ် ရရှိခဲ့သူတွေကို  ငွေကျပ်သိန်း ၃၀၀ ၊ ငွေတံဆိပ် ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် ငွေကျပ် သိန်း ၁၀၀ နဲ့ အသင်းလိုက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ အားကစားသမား တယောက်ကို  ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ် သိန်း ၇၀၊ ကြေးတံ ငွေကျပ် ၃၅ သိန်း ချီးမြှင့်ခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s