ပုလဲမြို့နယ် လက်တောင်းကြီး ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် လက်တောင်းကြီး ကျေးရွာအနီးတွင် အင်အား ၉ဝ ခန့်ပါ စစ်ကောင်စီ ရှေ့ပွိုင့် စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဇွန်လ ၁၅ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည် ။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ပြီး မိမိတို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် သုံးဦး ကျဆုံး ခဲ့ကြောင်း ဒေါင်းမင်းအဖွဲ့ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

” စစ်ကောင်စီကားယာဥ်တန်းတွေ မထွက်မီ ရှေ့ပွိုင့် စစ်ကြောင်းအနေနဲ့ လမ်းကြောရှင်းနေတဲ့ ခန့်မှန်းအင်အား ၉၀ ခန့် ရှိတဲ့ စစ်ကြောင်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါ ၊ မျက်မြင်ကတော့ စစ်သား နှစ်ဦး သေဆုံးတယ် ၊ ထိခိုက်ဒဏ်ရာ ရတဲ့သူလည်း များတယ်ဗျ ၊ မိုင်းကတော့ ကြိုးဆွဲ ရှေ့ထွက်မိုင်း ၁၆ လုံး ၊ ရှော့စလစ်မိုင်း ၁၂ လုံး သုံးပြီး ခွဲလိုက်ရတယ် ” ဟု ဒေါင်းမင်း အဖွဲ့ခေါင်းဆောင်က ဆိုသည်။

အဆိုပါတိုက်ပွဲတွင် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၁) ၊ တပ်ရင်း (၄) ဒေါင်းနက် ၊ ပုလဲမြို့နယ် ပ.က.ဖ၊ ယင်းမာပင် တပ်ရင်း (၂) ဒေါင်းမင်း ၊ မြေပြန့်ကျား တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပုလဲမြို့နယ် တွင် စစ်ကောင်စီတပ်က စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှု များ ပြုလုပ်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူ ထောင် နှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s