ဗိုလ်မှူးချုပ်ဟောင်း တင်ဦး၊ ဗိုလ်မှူးဟောင်း ထင်ကျော် ဦးဆောင်နေတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ဝန်ကြီးများကို အဓိက ပစ်မှတ်ထား လုပ်ကြံ အမှုဆင်

စစ်အရာရှိကြီးဟောင်းတွေ ဦးဆောင် ကြီးစိုးထားတဲ့ အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့စစ် တပ် အလိုကျ လုပ်ဆောင်ပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နှင့် NLD အစိုးရဝန်ကြီးများ ကို အဓိက ပစ် မှတ် ထား လိမ်လည် လုပ်ကြံ အမှု ဆင်မှုတွေ ဆက် တိုက် လုပ် ဆောင် နေ တယ်လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ပြည်သူလူထု အကျိုးကို ရှေးရှုပြီး အလုပ်လုပ်ရမှာဖြစ်ပေမယ့်လည်း လက်တွေ့မှာတော့ မင်းအောင် လှိုင်ရဲ့ အသုံးတော်ခံ၊ စစ်တပ်ရဲ့ အသုံးတော်ခံ ဖြစ်လာနေပြီး အဓိကအားဖြင့် စစ်တပ်နဲ့ မင်းအောင်လှိုင်ခိုင်းတဲ့ လုပ်ငန်းစဉ်တွေကိုပဲ ဦးစားပေး လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ တင်ဦး၊ အတွင်းရေးမှူး ထင်ကျော်၊ ညွှန်ချုပ်နဲ့ ဒုညွှန်ချုပ် စတဲ့ နေရာတွေမှာ စစ်တပ် အရာရှိ ဟောင်း တွေကို မင်းအောင်လှိုင်နဲ့အောင်လင်းဒွေးတို့က စီစဉ်တိုင်ပင် ခန့်အပ်ပြီး စစ်တပ် အကျိုးစီးပွားကို အဓိကကာကွယ်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

အောင်လင်းဒွေးက ထောက်ခံပြီး မင်းအောင်လှိုင်ခန့်အပ်တဲ့ အဂတိ ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း သံအမတ် တင်ဦး

===========================================

အဂတိကော်မရှင်ဥက္ကဋ္ဌ အဖြစ် တင်ဦးကို အောင်လင်းဒွေးက ထောက်ခံပြီး မင်း အောင် လှိုင်က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ တင်ဦးဟာ စစ်တက္ကသိုလ် DSA အပတ်စဉ် ၁၆ ဆင်းဖြစ်ပြီး ဗိုလ်မှူးချုပ်ရာထူးအထိ တာထမ်းဆောင်ခဲ့ပါတယ်။

သံအမတ်ကြီးအဖြစ်လည်း စေလွှတ်ခံခဲ့ရသူဖြစ်ပြီး သိန်းစိန် အစိုးရ လက်ထက် မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူး အဖြစ် ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မင်းအောင်လှိုင်အာဏာသိမ်းပြီးတဲ့အချိန်မှာ တင်ဦးဟာ ပြည်ထောင်စု ရာထူး ဝန် အဖွဲ့ရဲ့ အဖွဲ့ဝင် အဖြစ် ရှိနေရာကနေ အဂတိကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာ ခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူး ထင် ကျော် နဲ့ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးရဲ့ ထောက်ခံမှုနဲ့ အဂတိ ကော်မရှင်ဥက္ကဌ ဖြစ်လာတာပါ။

တင်ဦးက ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်လည်းလုပ်နေပါတယ်။ သူ့ရွှေတိဂုံ ဂေါပက အဖွဲ့ထဲက စစ်အရာရှိ ၂ ဦးကို အဂတိကော်မရှင်မှာအဖွဲ့ဝင်ဖြစ်လာဖို့ သူက မင်းအောင်လှိုင်နဲ့အောင်လင်းဒွေးကို တင်ပြခေါ်ယူခဲ့ပါသေးတယ်။

အဂတိကော်မရှင် အစည်းအဝေးတွေမှာ တင်ဦးက စစ်တပ်က ခိုင်းစေတဲ့ အဂတိ မှု တွေကိုသာ အဓိကထားလုပ်ဖို့ကို ညွှန်ကြား အမိန့်ပေး သူလည်း ဖြစ် တယ် လို့ သိရပါတယ်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရနဲ့ ဝန်ကြီးတွေကို လိမ်လည် အမှုဆင်တဲ့ အဂတိမှုတွေကို စသုံးလုံးနဲ့ အဂတိ ကော်မရှင်က ပူးတွဲ လုပ်ဆောင်ကြပြီး တင်ဦးဟာ မင်းအောင်လှိုင်နဲ့ အောင်လင်းဒွေး ခိုင်းစေတာကို အဓိက လုပ်ဆောင်ရသူဖြစ်ပါတယ်။

ကော်မရှင်အတွင်းရေးမှူး ဖြစ်လာတဲ့ အောင်လင်းဒွေး မိတ်ဆွေ ဗိုလ်မှူးဟောင်း ထင်ကျော်

===========================================

ကော်မရှင်အတွင်းရေးမှူး ဖြစ်လာတဲ့ ထင်ကျော်က အောင်လင်းဒွေးနဲ့ စစ်တက္က သိုလ်DSA အပတ်စဉ် ၂၅ အတူတူ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူဟာ အရင်က အဂတိကော်မရှင်မှာ ညွှန်ချုပ်အဖြစ် အငြိမ်းစား ယူခဲ့ပြီး စစ်ကောင်စီ လက်ထက်မှာ အဂတိကော်မရှင် အတွင်းရေးမှူး ဖြစ်လာ သူဖြစ်ပါတယ်။

အဂတိကော်မရှင် အတွင်းရေးမှူး ရာထူးကို အောင်လင်းဒွေးက သူ့ကို ပေးခဲ့ တာ လည်းဖြစ်ပါတယ်။

ထင်ကျော်က ဗိုလ်မှူးဟောင်းဖြစ်ပြီး အရင်ကစက်မှုဝန်ကြီးဌာနက ညွှန်ကြား ရေး မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဂတိကော်မရှင်မှာ ၈နှစ် ကျော် ၉ နှစ်အတွင်း ရုံးအဖွဲ့မှူး၊ ညွှန်ချုပ်ရာထူးတွေနဲ့ အငြိမ်းစား ယူခဲ့တာ ဖြစ်ပါတယ်။

ထင်ကျော်ဟာ အဂတိတိုက်ဖျက်ရေး ကော်မရှင်မှာ ရုံးအဖွဲ့မှူး ၊ ညွှန်ကြား ရေး မှူး ရာထူး ထမ်းဆောင်ချိန်က တပည့်မွေး၊ လူမွေး၊ လာဘ်စားမှုတွေလုပ်လို့ သမ္မတရုံးကို အတိုင်ခံခဲ့ရပါသေးတယ်။ သမ္မတရုံးဘက်က သတိပေးဆုံးမ လောက်နဲ့ပြီးခဲ့တာပါ။

အဲ့အချိန်ကတည်းက ဌာနတွင်းတပည့်မွေး ရာထူးပေးနဲ့ အကျင့်မကောင်း စိတ်ဓာတ်မကောင်းတဲ့ သူအဖြစ် ထင်ကျော်က မှတ်တမ်းရှိခဲ့သူ လည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထင်ကျော်ဟာ အဂတိကော်မရှင် အတွင်းရေးမှုး ရာထူး ကို အောင်လင်းဒွေးအကူအညီနဲ့ ရယူပြီးတဲ့နောက်မှာ သူ့စိတ်ကြိုက် အဂတိ ကော်မရှင်ကို ပုံဖော်လုပ်ဆောင်ပါတယ်။

ထင်ကျော်က ကော်မရှင်အတွင်းရေးမှူးဖြစ်လာပြီး ၁ လအကြာမှာ သူ့တပည့် အရင်း မော်တော် ယာဉ်ဌာန ညွှန်ကြားရေးမှူး လွင်အောင်ကို ရာထူး တိုး စာမေး ပွဲမရှိ၊ EC Board အစည်းအဝေးမရှိဘဲ သူ့တဦးတည်းဆုံးဖြတ်ချက်နဲ့ ဒုညွှန်ချုပ်ရာထူးတိုးပေးလိုက်ပါတယ်။

ဒုညွှန်ချုပ်လွင်အောင် ဒုညွှန်ချုပ်ရာထူးရပြီး သိပ်မကြာခင်မှာ ညွှန်ချုပ်ရာထူး အဆင့် ကို ထင်ကျော်က ထပ်တိုးပေးပါတယ်။ ဒုညွှန်ချုပ် လွင်အောင်ကို ညွှန် ချုပ် ရာထူး တိုးရာမှ အောင်လင်းဒွေးအကူအညီနဲ့ပဲ ရာထူးတိုးပေးခဲ့တာပါ။ လွင်အောင် ရာထူးတိုးတာဟာ ဒုညွှန်ချုပ်နဲ့ညွှန်ချုပ်ကြားကာလ ၉လသာ ကြာ ခဲ့ပါတယ်။

အဂတိလိုက်စားမှု ကော်မရှင် ဖွဲ့စည်းပုံအရ ညွှန်ချုပ် ၃နေရာမှာ ကော်မရှင် အတွင်းရေးမှူး ထင်ကျော်ရဲ့ တပည့် လွင်အောင် စီမံဌာန ညွှန်ချုပ်အဖြစ် ခန့် အပ်ပြီး ကော်မရှင်တစ်ခုလုံးကို ချုပ်ကိုင်ထားပါတယ် ။

အဂတိကော်မရှင်အတွင်းမှ ခြစားမှုများ

=======================

အဂတိကော်မရှင်အတွင်းမှာ အောင်လင်းဒွေးလူ ၊ မင်းအောင်လှိုင်လူ စစ်တပ် ထောက်ခံသူတွေနဲ့ပတ်သက်တဲ့ အမှုတွေကို လုံး၀ စစ်ဆေးမှု မရှိဘဲ ပစ်စာ အဖြစ် သဘောထားပါတယ်။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ချုပ် ဒေါက်တာ မြင့်မြင့်သန်းအမှုဆိုရင် အောင်လင်းဒွေးရဲ့ သူငယ်ချင်းရဲ့ ဇနီး ဖြစ်တာကြောင့် စစ်ဆေးမှုမရှိတော့ဘဲ လာဘ်ငွေယူ ပစ်စာအဖြစ် သဘော ထားတွေလည်းရှိပါတယ်။

အဂတိအတွင်းရေးမှူး ထင်ကျော်ဟာကလည်း ဝန်ထမ်းတွေရဲ့ အိမ်ရာ ချထား မှုကစလို့ ငွေကြေးလစာစီမံတာအထိ အဂတိလိုက်စားမှုတွေရှိလို့ တိုင်ကြား ခံရပါတယ်။

အဂတိအတွင်းရေးမှူး ထင်ကျော် ဌာနတွင်းအကျင့်ပျက်ခြစားနေတာကို တိုင် တဲ့သူက သူငယ်ချင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးကို သွားတိုင် ကြားတာမို့ အရာမရောက်ခဲ့ပါဘူး။

အောင်လင်းဒွေးက သူ့သူငယ်ချင်း ထင်ကျော်ကို ဂေါက်ကွင်းခေါ်ပြီး ထင်ကျော် ကို ဌာနတွင်း တိုင်ကြားမှုတွေရှိတယ်ဆိုတာမျိုး ခေါ်ယူ အသိ ပေးပြီး ဘာမှ အရေး ယူတာမျိုးမှ မလုပ်ခဲ့ပါဘူး။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ အဖွဲ့ဝင် ၁၂ ဦး ရှိပေမယ့် ဘယ်သူ ကမှ ဥက္ကဋ္ဌ တင်ဦးနဲ့ အတွင်းရေးမှူး ထင်ကျော်ကို ကျော်မရပါဘူး။

တင်ဦးနဲ့ ထင်ကျော်ကလည်း စစ်တပ်အကျိုးကို အရိုးကြေကြေ အရည်ခမ်းခမ်း တာဝန် ထမ်းဆောင်မယ့်သူဖြစ်တာကြောင့် အဂတိကော်မရှင်ဟာ စစ်ကောင် စီရဲ့ လက်ကိုင်တုတ် ကော်မရှင်အဖြစ် နိုင်ငံရေး အသုံးချခံနေရတာ လည်း ဖြစ် ပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s