မန္တလေးတွင် KBZ ဘဏ် ဓားပြတိုက်ခံရဟုဆိုကာ စစ်တပ်က တစ်မြို့လုံးပိတ်ဆို့စစ်ဆေး

မန္တလေးမြို့ပေါ် ၂၆ လမ်း၊ ၆၂ လမ်း၊ ၆၃ လမ်းအကြားရှိ KBZ ဘဏ်ကို ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ဓားပြတိုက်မှုဖြစ်ပွားသည်ဟုဆိုကာ စစ် တပ် က တစ်မြို့လုံးကို ပတ်ဆို့စစ်ဆေးလျက်ရှိကြောင်း မန္တလေးမြို့ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“KBZ ဘဏ်ကို ဓားပြတိုက်သွားတယ်ဆိုပြီး ပြောတယ်။ ဓားပြတိုက်တာက လည်း အရမ်းလွယ်နေသလိုပဲ။ ဆိုင်ကယ်နဲ့ လာတိုက်သွားတယ်ပြောတယ်။အခုတော့ တစ်မြို့လုံးကို ပိတ်ဆို့ပြီး စစ်ဆေးနေတယ်” ဟု မန္တလေးဒေသခံ တစ်ဦးက ပြောသည်။

KBZ ဘဏ် ဓားပြတိုက်မှု ဖြစ်ပွားပြီးသည်ဟုဆိုကာ မန္တလေးတွင် ယနေ့ နေ့ လယ် ၁၁ ခွဲမှ စ၍ အရှေ့မြို့ပါတ်လမ်း ၂၆ လမ်းထိပ်မှပိတ်၍ စစ်သား များက လမ်းသွားလမ်းလာအားလုံးကို မြို့ပါတ်လမ်း၁၉လမ်းဘက် ပေးမသွား တော့ ကြောင်း၊ ဆိုင်ကယ်နှင့်ကားအားလုံးကို လှန် လှောစစ်ဆေးသည့်အပြင် ဆဲဆိုမှု များလည်းရှိနေကြောင်း သိရှိရသည်။

အလားတူ ၂၆လမ်း ၆၂လမ်း မှ ၆၃လမ်းကိုလည်း ပိတ်၍ ဆောက်လက်စ တိုက် တစ်ခုအား ဝင်ရောက်မွေနောက်နေကြောင်း၊ ၂၆လမ်း အရှေမြို့ပါတ် လမ်းထိပ် Denko ဓာတ်ဆီဆိုင်အရှေ့တွင်လည်း ကားများကို တားဆီး စစ်ဆေး လှည့် ပြန်ခိုင်းနေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s