မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၉၉ ရာခိုင် နှုန်းကျော်ကို ဒုက္ခသည်အသိအမှတ်ပြုကတ် (ID)ထုတ်ပေးပြီး ဟု ဆို

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၉၉ ရာခိုင်နှုန်းကျော်အား ဒုက္ခသည်အသိအမှတ် ပြုကတ်(ID) ထုတ်ပေးထားပြီးကြောင်း The Aizawl Post သတင်းစာမှ ဇွန်လ ၁၆ ရက်နေ့တွင်ရေးသား ဖော်ပြသည်။

မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဉီးဆောင်မှုဖြင့် ဖွဲ့စည်းထားသော High-Level Committee on Myanmar Refugee’s အဖွဲ့၏ ဇွန်လ ၄ ရက်နေ့ အထိ စာရင်းမှတ်တမ်းများအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေး ရှောင် ၂၉၉၆၄ ဉီးရှိသည့်အနက် ၂၉၇၅၁ ဉီးထံ အဆိုပါ ID ကတ်ပြားများထုတ်ပေးထားပြီးဖြစ်ကာ ရာခိုင် နှုန်းအားဖြင့် ၉၉ ဒသမ၂၈ ရာနှုန်းရှိကြောင်းဆိုသည်။

High-Level Committee on Myanmar refugee’s အဖွဲ့၏ စာရင်းမှတ်တမ်းများအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ် ခရိုင်ခြောက်ခုတွင် စစ်ဘေးရှောင်စခန်း (Relief Camp) ၁၄၉ ခုရှိကာ ယင်းစခန်းများတွင် ၁၁၈၃၃ ဉီးနေထိုင်ကြပြီး စစ်ဘေးရှောင်စခန်းမဟုတ်သည့် အခြားနေရာများတွင်နေထိုင်သူ ၁၈၁၃၁ ဉီး ရှိကြောင်း ဖော်ပြထားသည်။

“အခုစာရင်းဇယားတွေက တာဝန်ရှိသူတွေဆီမှာ စာရင်းသွင်းထားတဲ့မှတ်တမ်းများပေါ်မှာ အခြေပြု ထုတ်ပြန်ထားတာပါ။ အမှန်တကယ် စစ်ဘေးရှောင်ဉီးရေက ၄၀,၀၀၀ ကျော်ရှိပါတယ်။ စာရင်းကောက် တဲ့သူတွေ လက်လှမ်းမမှီတဲ့ တောတွေထဲမှာရှိကြသလို မြို့ပေါ်မှာနေပြီး စာ ရင်းမပေးသွင်းသူတွေလည်း အများကြီးရှိပါတယ်” ဟု NGO For Myanmar တာဝန်ရှိသူတစ်ဉီးက မဇ္စျိမကိုပြောသည်။

နယ်စပ်တောထဲတွင်နေထိုင်သူများအား စာရင်းကောက်သူများလက်လှမ်းမမှီနိုင်ခြင်းများရှိသကဲ့သို့ စခန်း များပြင်ပ၌ ဆွေမျိုးမိတ်ဆွေများထံနေထိုင်သူများထဲတွင် အချို့သည် စစ်ဘေးရှောင်စာရင်းတွင် အမည် စာရင်းထည့်သွင်းလိုက်ပါက သွားလာနေထိုင်မှုကျဉ်းကျပ်မည်ကိုစိုးရိမ်ကြသလို ဒေသခံဘာသာစကား တတ်ကျွမ်းကြသူများသည် အပြင်တွင်အလုပ် လုပ်ကိုင်၍နေထိုင်ရေးအဆင်ပြေသဖြင့် အဆိုပါစာရင်းများ တွင် မပါဝင်ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ဘေးရှောင်စာရင်းမှာ အတိအကျပုံသေသတ်မှတ်ထားရန်ခဲယဉ်းကြောင်း နယ်စပ်ရွာများတွင် ထောင် ဂဏန်းကျော်နေထိုင်ကြသော်လည်း မြန်မာပြည်ဖက်တွင်တိုက်ပွဲမရှိ အခြေအနေအေးဆေးပါက ပြန် သွားကြပြီး ပစ်ခတ်မှုဖြစ်ကာ စစ်ရေးတင်းမာလာပါက ပြန်လာနေကြပြီး သွားလိုက်ပြန်လိုက်များရှိနေ ကြောင်း သိရသည်။

အဆိုပါကတ်ကိုင်ဆောင်ထားသူများအား စစ်ဘေးရှောင်အဖြစ်အသိအမှတ်ပြုခြင်းသာဖြစ်ပြီး အကယ်၍ အထောက်အပံ့အကူအညီများရှိလာပါက အဆင်ပြေချောမွေ့နိုင်ကြောင်း၊ အစိုးရထံမှ ပုံမှန်အကူအညီ အထောက်အပံ့များရရှိခြင်း မရှိကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်မှ မတရားအာဏာသိမ်းယူပြီးနောက် နိုင်ငံတဝှမ်း စစ်အာဏာရှင်စနစ်ဆန့် ကျင်မှုများပေါ်ပေါက်ပြီး စစ်တပ်ကပစ်ခတ်ဖြိုခွင်းကာ ပြည်သူများ အား ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်လာသောကြောင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ပြည်သူများသည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြထားသည်။

ယင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများအား အမည်၊ အသက်၊ ထင်ရှားသည့် အမှတ်အသား၊ နေရပ်လိပ်စာ၊ အ လုပ် အကိုင် စသဖြင့်အသေးစိတ် စနစ်တကျစာရင်းပြုစုရန် မီဇိုရမ်အစိုးရ မှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ကျေးရွာအဆင့်ထိ ကော်မတီအသီးသီးဖွဲ့စည်းကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ စစ်ဘေးရှောင်ပြည်သူများ ID ထုတ်ပေးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s