မီဇိုရမ် ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်စခန်းများသို့ Guys From Chin နှင့် တက်ကြွလှုပ် ရှားသူများ သွားရောက်ကူညီ

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံမှ တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များရှိရာ စခန်းအချို့အား ချင်းအဆိုတော်များဖြင့်ဖွဲ့ထားသော Guys From Chin နှင့်အတူ မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူများ သွားရောက်အားပေးနှစ်သိမ့်၍ အကူအညီငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ စခန်း လေး ခုကို သွားခဲ့ပါတယ်။ အဆိုတော်တွေက သီချင်းတွေနဲ့ဖျော်ဖြေခဲ့တယ်။ နောက် ငွေကြေးနဲ့ စားစရာတွေအပြင် ခြင်းလုံးတွေပါ ဝေငှပေးခဲ့တယ်။ သူတို့တွေမှာ အခက်အခဲ တွေအများကြီးရှိနေကြပါတယ်” ဟု ခရီးစဉ်တွင်လိုက်ပါခဲ့သူတစ်ဦးက ပြောသည်။

Guys From Chin မှ P Thawng Bawi, David Lai နှင့် Benjamin Sum တို့က စခန်း လေးခုအတွက် ရူပီးငွေ ၁၀၀,၀၀၀(ကျပ် ၂၃သိန်းကျော်) နှင့် အခြားလိုက်ပါလာသူများက ငပိထောင်း ၊ ငပိရည်ကျို ၊ လက်ဖက်နှပ် ၊ အကြော်စုံ နှင့် ဘာလချောင်ကျော်များအပြင် စခန်းတစ်ခုလျှင် ခြင်းလုံးနှစ်လုံးစီနှင့် ပိုက်တစ်ခုစီ ဝေငှပေး ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့မှာက အလှူရှင်တွေကိုပဲမျှော်နေရတဲ့အခြေအနေမျိုးပါ။ အလုပ်အကိုင် ကလည်းရှားပါးတော့ အပြင်ဝင်ငွေရဖို့ကလည်းမလွယ်ဘူး။ ဒါကြောင့်အခုလိုလာလှူ တဲ့ Guys From Chin နဲ့ အလှူရှင်တွေကို အလွန်ကျေးဇူးတင်တယ်။ ကျန်းမာကြပါစေ အလှူအတန်းလည်း ဒီထက်မကပိုမိုလုပ်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု Dapchhuah စစ်ဘေးရှောင်စခန်းအတွင်းရေးမှူးဖြစ်သူ Kee Maung က မဇ္ဈိမ ကိုပြောသည်။

အဆိုပါအဖွဲ့ သွားရောက်ခဲ့သော မြန်မာစစ်ဘေးရှောင်စခန်း လေးခုမှာ Dapchhuah, Mamit Distric, Nghhalchawm, Aizawl Distric, Sihhmu, Aizawl Distric, Sairang, Aizawl Distric တို့ဖြစ်ပြီး စုစုပေါင်း စခန်းတွင်းနေထိုင်သူ ဦးရေ ၃၀၀ နီးပါး ခန့်ရှိကြောင်းသိရသည်။

စစ်ဘေးရှောင်စခန်းများအနီးတွင် ရွာငယ်များသာရှိသဖြင့် အလုပ်အကိုင်ရရန် ရှားပါးပြီး စခန်းရှိ သက်ကြီး ရွယ်အိုများနှင့် အချို့မိသားစုများတွင် ယောကျ်ားသားများ မရှိ၍ အလုပ်လုပ်ရန် ခက်ခဲလျက်ရှိသည်။ ရံဖန်ရံခါ အစိုးရတာဝန်ရှိသူများမှတဆင့် ဆန်များရတတ်သော်လည်း လုံလောက်မှုမရှိသဖြင့် ဒေသခံ ဘာသာရေးနှင့် လူမှုရေး အဖွဲ့ အစည်းများ၏ လှူဒါန်းမှုများကိုသာ မှီခိုအားထားနေရကြောင်းသိရသည်။

စခန်းအတွင်းမှ ကလေးအချို့ ရွာအတွင်းရှိ ကျောင်းများတွင် ပညာသင်ကြားကြသော် လည်း အချို့မှာမူ မိသားစုအခြေအနေကြောင့် စာသင်ကြားနိုင်ခြင်းမရှိပေ။ ကျန်းမာရေးမှာမူ သာမန်ဖျားနာမှုမျိုးရှိပါက နီးစပ်ရာညွှန်းသည့် ဆေးဝယ်သောက်၍ သက်သာခြင်းမရှိပါက အိုက်ဇောလ်မြို့ ဆေးရုံသို့ သွားရောက် ပြသရကြောင်းဆိုသည်။

မီဇိုရမ်ပြည် နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် သူ ဦးရေ ၄၀,၀၀၀ ကျော်ခန့်ရှိပြီး ၎င်းတို့အား ပြည်နယ်အစိုးရ ၊ ဘာသာရေး ၊လူမှုရေး အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလ စေတနာ ရှင်များက ကူညီထောက်ပံ့ပေးထားကာ ဗဟိုအစိုးရမှ အသိအမှတ်ပြု အကူအညီ ပေးရန် ငြင်းဆန်လျက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံက သိရှိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s