မုံရွာ-စစ်ကိုင်း လမ်းပိုင်းတွင် စစ်ကား ယာဥ်တန်း ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ

မုံရွာ-စစ်ကိုင်း လမ်းပိုင်းတွင် မုံရွာမှ စစ်ကိုင်းသို့ ဆင်းလာသော စစ်ကား ၇ စီးပါ ယာဥ်တန်းကို ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် ဒေသခံ ကာ ကွယ်ရေး တပ်ဖွဲ့များက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၂ နာရီ ၄၀ မိနစ် တွင် မုံရွာမှ စစ်ကိုင်း သို့ဆင်းလာသော စစ်တပ် အင်အားအပြည့်ပါဝင်သော စစ်ကား ၅ စီးနှင့် ရိက္ခာ တင်ဆောင်လာသော တွဲကား ၂ စီးကို မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြားတွင် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၂ စီး ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကားများကို နံနက် ၁၂ နာရီ ၅၀ မိနစ်တွင် မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ နှင့် ဝမ်းပြည့် ကျေးရွာကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၆ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး ဒုတိယမြောက် စစ်ကားနှင့် တတိယမြောက် စစ်ကားတို့ မိုင်းထိမှန်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု ၂ ကြိမ်ကို မြင်းမူမြို့ Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက် ကျားအဖွဲ့) နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOMတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s