မြစ်ကြီးနားလေတပ်ဌာနချုပ်တွင် ပေါက်ကွဲသံများ သေနတ်သံများထွက်ပေါ်
မြစ်ကြီးနားလေတပ်ဌာနချုပ်ဘက်တွင် ပေါက်ကွဲသံများနှင့် သေနတ်ပစ်သံများ အဆတ်မပြတ်ထွက်ပေါ်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိသည့်အာဏသိမ်းစစ်ကောင်စီ၏ မြစ်ကြီးနားလေတပ်ဌာနချုပ်ဘက်မှာ ယနေ့ည ၇ နာရီ ကျော်ကတည်းနေ ပေါက်ကွဲသံများ၊ သေနတ်သံများ အတွဲလိုက်ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ဆိုသည်။
“ ပေါက်ကွဲသံကအကြီးကြီးပဲ။ ခုဏတုန်းကတော့ အတွဲလိုက် သေနတ်ပစ်တဲ့အသံအရင် ကြားရတယ်” ဟု ၎င်းဒေသခံကဆိုသည်။
မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်က ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိသည့်မြစ်ကြီးနားလေတပ်ဌာနချုပ်သည် ယခုရက်ပိုင်းအတွင်းက စစ်ကောင်စီသင်တန်းဆင်း တပ်ဖွဲ့ဝင်များကို အပြောင်းအရွေ့ပြုလုပ်နေပြီး၊ ၎င်းမြစ်ကြီးနားလေတပ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့၏ မြို့ဝင်မြို့ထွက် ဝင်ထွက်သွားလာခွင့်ကို ည နေ ၆ နာရီခွဲတိတိတွင် ပိတ်ကာ အထူးစစ်ဆေးလျက်ရှိနေသည်။mizzima