မြဝတီ ဝေါလေမြို့ ရဲစခန်းတွင် ဖမ်းဆီးခံထားရသော PDF ၉ ဦးကို KNDO က ကယ်ထုတ်ရာတွင် BYN ရဲဘော်များနှင့် CDM ရဲ ၁ ဦး ပါဝင်

ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေမြို့ ရဲစခန်းတွင် ဖမ်းဆီးခံထားရသော PDF ၉ ဦး ကို KNDO က ကယ်ထုတ်ရာတွင် ဗမာ့ လူငယ် ကွန်ရက် တပ် တော် (BYN)မှ ရဲဘော်များနှင့် CDM ရဲ ၁ ဦးပါဝင်ကြောင်း ဗမာလူငယ်ကွန် ရက် က သတင်းထုတ်ပြန်သည်။
ဝေါလေမြို့ ရဲစခန်းကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကရင် အမျိုး သား ကာကွယ်ရေးတပ်(KNDO) အထူးကွန်မန်ဒို တပ်ရင်း တပ် မဟာ ၆ မှ ဦးဆောင်ကာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စခန်းတွင် ဖမ်းဆီးထား ရ သော ဗမာ့ လူငယ် ကွန်ရက် တပ်တော်(BYN)မှ ရဲ ဘော်များနှင့် CDM ရဲ ၁ ဦးကို ကယ်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့က KNDO ပူးပေါင်းတပ်ဖွဲ့ကို အသက်သခင်ကျေးဇူးရှင်များအဖြစ် သတ်မှတ်ပါတယ်။” ဟု ဗမာလူငယ်ကွန်ရက်မှ တာဝန်ရှိ ရဲ ဘော်တစ်ဦးက ပြောဆိုသည်။
အဆိုပါ ရဲစခန်းတွင် ဖမ်းဆီးခံထားရသော ရဲဘော်၊ ရဲမေများကို စွန့်စွန့်စားစား ကယ်ထုတ်ပေးခဲ့သော အဖူးဗိုလ်စလုံး၊ စစ်ကြောင်းမှူး စောဝင်းမြင့်နှင့် KNDO အထူး ကွန်မန်ဒို တပ်ရင်း (တပ်မဟာ-၆) ဦးဆောင်သည့် ညီနောင်ရဲဘော် တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ဗမာ့လူငယ်ကွန် ရက်မှ အသက်သခင် ကျေးဇူး ရှင်များ အဖြစ် လေးလေးနက်နက် မှတ်တမ်းတင်ကြောင်း၊ အသက် သခင် ကျေးဇူးရှင်များ အနေဖြင့် လိုအပ်သော စစ်ရေး၊ လူမှုရေးဆိုင်ရာ အကူ အညီ၊ အထောက်အပံ့များကို ဗမာ့လူငယ်ကွန်ရက်ထံ အချိန်အခါ မရွေး ဆက် သွယ်တောင်းခံ နိုင်ကြောင်း BYN တပ်ဖွဲ့မှ KNDO ကျေးဇူး တင် ကြောင်း အိတ်ဖွင့်ပေးစာ တစ်စောင် ပေးခဲ့သည်ဟု သိရသည်။ khit thit