မြ၀တီမြို့ပေါ်တွင် ယခုည တိုက်ပွဲဖြစ်၊ ဘီးလင်းမြို့တွင် BGF ဂိတ်စခန်း ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခံရ ၊ မြိုင်တွင် ပျူစောထီးနှင့်စစ် သား ၁၃ ဦး သေဆုံး

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ပေါ် အမှတ် ၃ ရပ်ကွက် ထိုင် တော် မူ ဘုရားအနီးတွင် ယနေ့ ညပိုင်း စစ်တပ်နှင့် လက်နက် ကိုင် အဖွဲ့ တစ်ခု တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြ၀တီမြို့ခံများက ပြောဆိုသည်။
ဇွန်လ ၁၆ ရက်၊ ည ၇ နာရီ ၄၅ မိနစ်အချိန်မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် လက် နက်ကိုင်အဖွဲ့တစ်ခု အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ၈ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်တွင် ပြန်လည် ငြိမ်သက်သွားကြောင်း သိရှိရသည်။
“အဲဒီနားမှာ စစ်တပ်က စခန်းတစ်ခုရှိတယ်။ အဲဒီစခန်းကို လာပစ်တာ ထင် တယ်။ ပစ်တာကတော့ အပြန်အလှန်ပစ်ကြတာ။ ဘယ်အဖွဲ့က လာပစ်လဲ တော့မသိဘူး။ သေနတ်သံကတော့ တဒိုင်းဒိုင်းနဲ့ကို အပြန်အလှန် ပစ်ကြတာ” ဟု မြ၀တီဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲလံဒေသရှိ စစ်တပ် လက်အောက်ခံ BGF ဂိတ်စခန်းကို ယနေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် KNU/KNLA တပ် ဖွဲ့၊ ကျိုက်ထို ပကဖနှင့် KRF တပ်ဖွဲ့တို့က ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက် ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဂိတ်စခန်းကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်နှင့် ၂ နာရီ ၄၅ မိနစ်တို့တွင် ဖောက် ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BGF ဘက်မှ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးဘဲ လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ် ခဲ့သော် လည်း ပူးပေါင်း တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင်မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လက်နက်ကြီများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၃ ဦးသေဆုံးခဲ့ကြောင်း Black God ပြောက် ကျား တပ်ဖွဲ့(မြိုင်) ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော နေရာကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၅ ရက်နေ့ နံနက် ၆ နာရီမှ ၈ နာရီထိ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်လုပ် တာဝေးပစ် လက်နက်ကြီးများဖြင့် အလုံးရေ ၅၀၀ ကျော်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားနှင့် ပျူစောထီး ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့၊ Black God ပြောက် ကျားတပ်ဖွဲ့၊ လင်းယုန် ပြောက်ကျား တပ်ဖွဲ့၊ ပြည်သူ့ တော် လှန်ရေး တပ်မတော်PRA တပ်ခွဲ ၃၁၊ Future Generation ပြောက်ကျား တပ်ဖွဲ့၊ YBF၊ Avenger၊ BlackScopium၊ PPDG၊ ရွှေဟင်္သာ၊ M.P.L အလယ်မြေ ပြောက် ကျား တပ်ဖွဲ့၊ တောကျီးကန်း၊ ဒေါင်းစစ် သည် ပြောက်ကျား တပ်ဖွဲ့၊ မြိုင်မြို့ နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၏ (ဂျိုင်းကြား လက်နက်ကြီးအဖွဲ့)၊ ဂဠုန် ပြောက်ကျား တပ်ဖွဲ့၊ ဆင်ရိုင်း ပြောက်ကျား တပ်ဖွဲ့နှင့် G21 ပြောက် ကျား တပ်ဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit