ယင်းမာပင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ပြီး စစ်သားသေဆုံးမှုများနိုင်၊ မုံရွာ အလုံဆွယ်တော်ဦး စားသောက်ဆိုင်တွင် စစ်သားများနှင့်ပျူစောထီးများ သောက်စားမူးယစ်နေစဉ် မိုင်း ၂ လုံးပစ်သွင်းမှု သေဆုံးမှု များနိုင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် မုံရွာတို့တွင် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက် ခံရခြင်း၊ စားသောက်ဆိုင်ထိုင်၍ သောက် စားနေကြသော စစ်သား နှင့်ပျူစော ထီးများကို မိုင်းပစ် တိုက်ခိုက်ခြင်းတို့ကြောင့် သေဆုံးမှုများပြား နိုင်ကြောင်း PDF များက သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကားစီးရေ၁၀၀ ကျော်သည် ပုလဲမှ ဆင်းသက်လာခဲ့ပြီး လမ်းတစ်လျှောက် အတိုက်အခိုက် အပစ် အခတ် များစွာ ရှိခဲ့ပြီး ဇွန်၁၆ ရက်နေ့ညပိုင်း ယင်းမာပင်မြို့တွင် ညအိပ်စခန်းချခဲ့ကြောင်း၊ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် နှေားရိုးရွာကနေ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လာရာ နှောရိုးရွာနှင့် ကောင်းဆင့်ရွာကြားတွင် B-21KANI PDF တပ်ရင်းနှင့် တဇောက်ကန်း PDF အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီယာဥ်တန်း နှင့် အတူ ပါလာသော ခြေလျင်စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ ဘက် မှ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး PDF များဘက်မှ ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်း B-21KANI PDFက သတင်းထုတ်ပြန်သည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံဆွယ်တော်ဦး စားသောက်ဆိုင်တွင် ဇွန်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် သောက်စား မူးရူးနေကြသည့် စစ်သားများနှင့် ပျူစောထီးများကို Monywa Nightking ၊ MACT Team & DPRA တို့က မိုင်းနှစ်လုံး ပစ်သွင်းတိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း Monywa Nightking က ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။khit thit