ရန်ကုန်တွင် ယနေ့ ဗုံးပေါက်ကွဲမှုများ NITR IC အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင် စီ၏ မတရားဖမ်းဆီးခံရသူများ အပေါ် နှိပ် စက်ခြင်းနှင့် သေဒဏ် ချမှတ် ခြင်းအပေါ် ပ ဏာမ လက်တုံ့ပြန်ဟုဆို၊ စစ်ရေးအရ အရေး ယူမှုများ ထပ် မံ လာမည်

ရန်ကုန်တွင် ယနေ့ ဗုံးပေါက်ကွဲမှုများ NITRIC အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူများ အပေါ် နှိပ်စက်ခြင်းနှင့် သေဒဏ်ချ မှတ် ခြင်းအပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။
ဇွန်လ (၁၆)ရက် (ကြာသပတေးနေ့)တွင် ရန်ကုန်မြို့တွင်း ဆောင်ရွက် ခဲ့သော ဗုံးပေါက်ကွဲမှုများသည် ပဏာမသတိပေးဖောက်ခွဲမှုအနေဖြင့် လုပ်ဆောင် ခဲ့ ခြင်း ဖြစ်ပြီး ယနေ့လှုပ်ရှားမှုများမှာ အဓိကအားဖြင့် ပြည်သူတို့၏ ဒီမိုကရေစီ အခွင့်အရေးများအတွက် တရားသောစစ်ကို ဆင်နွှဲခဲ့ပြီး မတရားဖမ်းဆီး ထိန်း သိမ်း ခံထားရသော ကိုမောင်ကျော်(ခ) ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ(ခ) ကိုကျော် မင်းယုတို့နှင့်တကွ အားလုံးသော ရဲဘော်ရဲဘက်များ အပေါ် စစ် ကောင် စီ ဩဇာခံ မတရားရုံးများမှ မတရားအမိန့်ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်း ထောင် များ အတွင်း မတရားဖိနှိပ် နှိပ်ကွပ်နေခြင်းများအတွက် ရည် ရွယ် ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။
ယနေ့တွင် မြောက်ဥက္ကလာ၊ အင်းစိန်၊ ဒလ ၊ တောင်ဒဂုံ၊ ဒေါပုံ အပါအဝင် မြို့န ယ် များတွင် ဗုံးဖောက်ခွဲမှု များ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။
NITRIC အဖွဲ့က တော်လှန်ရေး ရဲဘော်များအပေါ် မတရားစီရင်မှုများတွင် ပါဝင် ကျူးလွန်ပတ်သက်နေသူများကို စစ်ရေးအရ ပြင်းထန်စွာ ထိထိ ရောက် ရောက် လက်တုံ့ပြန်သွား မည်ဖြစ်ကြောင်း သတိပေးချက်လည်း ထုတ်ပြန် ထားသည်။khit thit