လောင်းလုံးမြို့နယ်၊မှ ဝေဒီကျေးရွာသူ ဒေါ်နွယ်နီဌေးနှင့် ဒေါ်သန်းဌေးကို စစ်တပ်က အ ကြောင်း မဲ့ ပစ်ခတ်သဖြင့် အသက်အန္တရာယ် စိုးရိမ်နေရ၊ နေအိမ် တချို့ကို ညအချိန် စစ် တပ် က မီးရှို့ သွား

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဝေဒီကျေးရွာကို စစ်တပ်က ယနေ့ ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူ ဒေါ် နွယ်နီဌေးနှင့် ဒေါ်သန်းဌေးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထား ဝယ်ခရိုင်)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆို သည်။
အကြမ်းဖက် စစ်တပ်သည် ဒေသခံ ပြည်သူ ဒေါ်နွယ်နီဌေးကို ပစ်ခတ်ပြီး နောက် ဖမ်းဆီးသွားကာ လမ်းတစ်ဝက်တွင် ကျည်ထိဒဏ်ရာများဖြင့် ထားခဲ့ပြီး အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
“ဒေါ်နွယ်နီဌေးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ပြီး ဖမ်းဆီးသွားတယ်။ ပြီး တော့ လမ်းတစ်ဝက်မှာ ဒီအတိုင်းထားခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြော တယ်။ ရွာထဲမှရှိတဲ့ ပြည်သူပိုင် နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက် ဆီးသွား တ ယ်။ ပြည်သူတွေက မီးငြိမ်းနေတုန်း အခြေအ နေ အသေးစိတ်တော့ မသိရ သေး ဘူး” ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)မှ တာ ဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ ဇွန်လ ၁၆ ရက်နေ့ ည(၁၀)နာရီခန့်ဒေါ်သန်းဌေး ၏ နေအိမ်ကို စစ် တပ်က ၀င်ရောက်လာပြီး ဒေါ်သန်းဌေးကိုသေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ နေ အိမ် ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ၊ ဒေါ်သန်းဌေးလည်း ကျည်ထိ ဒဏ်ရာ ဖြင့် ဆေးကုသမှု ခံယူရန် လိုအပ်နေကြော်ငး ဒေသခံတစ်ဦးကဆိုသည်။ khit thit