အရာတော်မြို့နယ်တွင် မိုင်းရှာရန်ထွက်လာသော စစ်ကောင်စီခြေလျင်တပ် မိုင်းဆွဲတိုက် ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ အရာတော်မြို့မှ မိုင်းရှာရန်ထွက်လာသောစစ်ကောင်စီခြေလျင်တပ်အား အရာတော်မြို့နှင့် တုံးတင်ကန်ရွာကြားတွင် ဇွန်လ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သား ၂၀ ခန့်က မိုင်းများရှာဖွေနေစဥ် ၁၀ ဦးခန့် မိုင်းကွင်းပေါ်ရောက်ရှိနေချိန်၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ခြောက် ဦးခန့်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
“တူမီးရှေ့ထွက်အကြီးလေးလုံးကို မိုင်းကွင်းနားမှာထောင်ထားတယ်။ အဝေးထိန်းနဲ့ခွဲလိုက်တာ” ဟု Danger Force LPDF အဖွဲ့တာဝန်ရှိသူက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကာ စစ်ကောင် စီတပ်မှ ရမ်းသန်းပစ်ခတ်မှုများရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များမှာ အန္တရာယ်ကင်းစွာဆုတ်ခွာ နိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF မှ ဦးဆောင်၍ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force(AF2) Ayadaw Bone Naing (A.B.N.PDF)နှင့် MRTF တပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ mizzima