အာရှလမ်းမကြီးဘေးရှိ စစ်ကောင်စီ၏ ကျွန်း ပင်ကုန်းစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

ကရင်ပြည်နယ် KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်း အာရှလမ်းမကြီးဘေးရှိ စစ်ကောင်စီတပ်၏ ကျွန်းပင်ကုန်းစခန်းကို KNLA နှင့် ကျားသစ်နက်စစ်ကြောင်းပူးပေါင်းတပ်မှ ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မ ၂၂ လက်အောက်ခံ၊ ကျွန်းပင်ကုန်းစခန်း (ကင်းစခန်း) ကို ဇွန်လ ၁၅ ရက်နေ့ နံနက် ၆ နာရီတွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကျားသစ်နက်စစ်ကြောင်းက ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ နှစ် ဦးသေဆုံးကာ သုံး ဦးဒဏ်ရာရရှိခဲ့ပြီး ကျားသစ်နက်စစ်ကြောင်းမှလည်း ရဲဘော်တစ် ဦးကျဆုံးခဲ့ကြောင်းသိရသည်။

“ ဆရာကြီးအောင်ဘု၏ စွန့်လွှတ်အနစ်နာခံမှုအတွက် မိမိတို့ကျားသစ်စစ်ကြောင်းမှ အလွန်ပင်ဝမ်းနည်းကြောင်း ”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန်မှာ တစ်နာရီကျော်ကြာမြှင့်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

အဆိုပါ ကျွန်းပင်ကုန်းစခန်းသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ခရီးသွားပြည်သူများအား တရားမဲ့စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခြင်းစသော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s