ကသာတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄၀ ထက်မနည်းသေဆုံးကာ PDF ၁ ဦး ကျဆုံးဟု ကသာ ပကဖ ထုတ်ပြန်၊တီးတိန်မြို့ထဲ ဝင်လာသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်း စုများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲနှစ်နေ ရာ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄၀ ဦးထက်မနည်းသေဆုံးပြီး PDF ၁ ဦးကျဆုံးကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ကသာမြို့နယ်အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်၊ခြောက်မျက်နာ၊အင်း ကြီး လမ်း ၁၇ ကွက်အနီးတွင် စစ်တပ်ကို တိုက်ခိုက်မှု တစ်ကြိမ် ၊ ၁၄ ကျောက် တောင်အနီးတွင် စစ်တပ်ကို မိုင်းနှစ်လုံးဆွဲ၍ တစ်​ကြိမ် ၊ ညနေပိုင်း တွင်လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်များပစ်ခတ်၍ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ကို ကသာခရိုင်PDFတပ်ရင်း (၃) နှင့် ဒေသခံ ပကဖ ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၂၀ ဦး ထက်မနည်းသေဆုံးပြီး ပကဖများဘက်မှ PDF ရဲဘော်တစ်ဦး ကျဆုံးကြောင်း သိရှိရသည်။

အလားတူ ကသာမြို့အနီး၊ ကာကြီးကွင်းအနောက်ဘက်၊ ငါးကန်အနီးတွင် ထမင်း ထိုင်စားနေသော အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကသာ ပကဖ နှင့် ABSDF ပူးပေါင်းပျောက်ကြားတပ်ဖွဲ့က အလစ် တိုက်ခိုက်ကြောင်း၊ လက်နက်ကြီးများ အပါအဝင် ပစ် ခတ်တိုက်ခိုက်ရာ စစ် ကောင် စီဘက်မှ ထိခိုက်သေဆးုံးမှု ၂၀ ထက်မနည်းရှိနိုင်ကြောင်း၊ ညနေ ၄ နာရီခန့်တွင် ကန်တာ ကားတစ်စီးအပြည့် လူနာများကိုလာသယ်သွားကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ ပကဖ)က ဆိုသည်။

အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ချီတက်လာသော စစ်ကောင်စီတပ်ကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ ညနေ ၂ နာရီ ၃၀ မိနစ်အချိန်တွင် CDF CDM -Siyin & နှင့် PDF Zoland တို့က ပူးပေါင်းတိုက်ခိုက်ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိကြောင်း၊ အဆိုပါ စစ် ကြောင်းသည် စစ်ကား ၁၇ စီးဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့သို့ ဇွန်လ ၁၆ ရက်နေ့တွင် တက်လာသည့် စစ်ကြောင်း ဖြစ်ကြောင်း CDF CDM-Siyin က သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s