ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဇွန် ၁၇ ရက် မနက် ၁၀ နာရီခွဲလောက်က  စစ်ကောင် စီယာဉ်တန်း ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် ဒဏ်ရာရသွားတယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ ကား ၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA ပူးပေါင်းအဖွဲ့က ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။

ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်ပြီးနောက် ဘီးလင်းမြို့နယ်ထဲကို အရှိန်အပြင်း မောင်းနှင်းသွားတာပါ။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို မော်လမြိုင်က တပ်မတော် ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ထားပြီး အဲဒီထဲမှာ တစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အခုဇွန်လအတွင်း စစ်ကောင်စီယာဉ်တန်း ၇ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာတော့ အခုရက်ပိုင်းအတွင်း နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာသလို  ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s