ဂန့်ဂေါတွင် စစ်ကောင်စီတပ်ဖွဲ့ကို PDF ဂန့်ဂေါက ၂ ကြိမ် မိုင်းခွဲပစ်ခတ်တိုက်ခိုက်ပြီး စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို PDF-ဂန့်ဂေါက ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တွင် ၂ ကြိမ် ပစ်ခတ်မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း PDF-ဂန့်ဂေါက သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည်။ ဇွန်လ ၁၄ ရက်နေ့မှ စတင်ကာ ကန်ရွာတွင် တပ်စွဲပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အိမ်မွေး တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်နေကြောင်း ဇွန်လ ၁၇ ရက်နေ့တွင် လက်နက်ကြီးဖြင့် ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရကြောင်း သိရှိရသည်။

ယမန်နေ့ ဇွန်လ(၁၈)ရက်နေ့တွင် PDF-ဂန့်ဂေါက ရှေ့ထွက်ပြောင်းနှင့် ပဒေသာမိုင်းတို့ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်မှု ၂ ကြိမ်တွင် စစ်ကောင်စီဘက်မှ ပြန်လည် ပစ်ခတ်သော်လည်း PDF များ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ကြောင်း PDF-ဂန့်ဂေါက ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s