ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့သတ် ဖြတ်ခဲ့သူများအနက် ၂ ဦးကို အတည်ပြုဖော် ထုတ်နိုင်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရသည့် ပြည်သူ ခြောက်ဦးအနက် နှစ်ဦးကို အတည်ပြုနိုင်ခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဂန့်ဂေါမြို့နယ်)က ဇွန်လ ၁၇ရက် နေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ မီးရှို့သတ်ဖြတ်ခြင်းခံရသူများအနက် အတည်ပြုနိုင်သူနှစ်ဦးမှာ ဦးခင်မောင်ချင်း (၅၁)နှစ် နှင့် ကိုနိုင် (၄၁) နှစ် တို့ဖြစ်ပြီး တစ်ဦးမှာ စိတ်ကျန်းမာရေး မကောင်းသူဖြစ်ပြီး ညောင်လယ်ရွာသားများ ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ အတည်ပြုလိုရတဲ့နှစ်ယောက်က သာမန်ပြည်သူတွေပါ။ အဲ့ဒီအထဲကမှ တစ်ယောက်က စိတ်ကျန်းမာရေးမကောင်းတဲ့သူဖြစ်ပါတယ်။ ဂန့်ဂေါ်မြို့နယ်ထဲမှာ စစ်တပ်ကလူမဆန်တဲ့ အကြမ်းဖက်မှုတွေ တောက်လျောက်ကျုးလွန်နေပါတယ်။ အကြမ်းဖက်မှုတွေအတွက်နောင်တစ်ချိန် တရားမျှတမှုကို ပြန်လည်ဖော်ဆောင်နိုင်ဖို့ ပြည်သူအပါအဝင် ကျနော်တို့ အားလုံးကြိုးစားကြရပါမယ်” ဟု ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ဂန့်ဂေါမြို့နယ်) တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့သတ်ဖြတ်ခြင်းခံရသည့် အခြားသူ လေးဦးမှာ ယခုအချိန်အထိ အတည်ပြုနိုင်ရန်ခက်ခဲနေပြီး အခြားဒေသမှ ဖမ်းဆီးခေါ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ဇွန်လ ၃ရက်နေ့တွင် ရေမျက်နီရွာမှ ဂန့်ဂေါ်ဘက်သို့ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်သည် ညောင်လယ်ရွာနှင့် ခေါင်းတုံရွာတို့တွင် အပြစ်မဲ့ပြည်သူ များအားသတ်ဖြတ်၍ လူနေအိမ်များအား မီးရှို့ခဲ့သည်။

ညောင်လယ်ရွာရှိ နေအိမ်တစ်အိမ်တွင်အပြစ်မဲ့ပြည်သူ ခြောက်ဦးအား စစ်ကောင်စီ တပ်မှ သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အနက်မှ ငါးဦးအား လက် ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် တဆက်တည်းမှာပင် ညောင်လယ်ရွာရှိ လူနေအိမ်နှစ်လုံးနှင့် ခေါင်းတုံရွာတွင် လူနေအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာအတွင်းရှိ အဖိုးတန်ပစ္စည်းများမှ လိုအပ်သည်များကို ကားဖြင့်ယူဆောင်သွားခဲ့ကြောင်းသိရသည်။

လတ်တလောတွင် အင်အား ၁၀၀ ခန့်စီပါသော စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ကြောင်းထိုးနေပြီး ပြင်းထန်သော ထိတွေ့မှုများ မရှိသေးကြောင်းသိရသည်။

ပြည်သူအုပ်ချုပ်ရေးအဖွဲ့သည် ဒေသခံများ၏ ထိခိုက်ဆုံးရှုံးမှုများအတွက် တတ်နိုင်သော အကူအညီများပေးအပ်ခဲ့ပြီး ဆက်လက်ကူညီနိုင်ရန်ကြိုးစားနေကြောင်း နှင့် ပြည်သူ အချင်းချင်း ရိုင်းပင်း ကူညီကြရန် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဂန့်ဂေါ်မြို့နယ်အတွင်းရှိ လူနေအိမ်များကို မီးရှို့ခြင်း ၊ အပြစ်မဲ့ပြည်သူများအားဖမ်းဆီးခြင်းစသည့် အကြမ်းဖက်မှုများအား ကျူးလွန် လျက်ရှိနေပြီး စစ်ကြောင်းများဝင်ရောက်လာပါက ပြည်သူများအနေဖြင့် ထိပ်တိုက်မတွေ့ မိစေရန်နှင့် လုံခြုံရာအရပ်ဒေသများ၌သာ နေထိုင်ကြရန် ပြည်သူ အုပ်ချုပ်ရေး အဖွဲ့(ဂန့်ဂေါ မြို့နယ်) မှ သတိပေး နှိုးဆော်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s