ဆယ်တန်းစာမေးပွဲကျခဲ့သူများနှင့် မဖြေခဲ့သူများအတွက် စာမေးပွဲနောက်တစ်ကြိမ်ပြုလုပ်မည်ဟု စစ်ကောင်စီကြေညာ

တက္ကသိုလ်ဝင်စာမေးပွဲကျသူများနှင့် မဖြေခဲ့သူများအတွက် စာမေးပွဲနောက်တကြိမ် ပြုလုပ်ပေးမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ကြေညာသည်။
၂၀၂၂ ဆယ်တန်းစာမေးပွဲကျသူများနှင့် ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူများကို နောင်နှစ်တွင်ပြုလုပ်မည့် စာမေးပွဲဝင်ဖြေခွင့်ပေးခြင်းဖြစ်သည်။
၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြေဆိုသူ ၂၈၁၇၅၁ ရှိကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။ mizzima