ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာနှင့် ဆူးတပ်ရွာကို စစ်တပ် မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၆၈ လုံးပြာကျ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာနှင့် ဆူးတပ်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၄ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး နေအိမ် ၁၆၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် မူးကမ်းကြီးရွာမှ ပြည်သူပိုင် နေအိမ် ၇၅ လုံးနှင့် ဆူးတပ် ရွာမှ ပြည်သူပိုင် နေအိမ် ၉၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အဆိုပါ ကျေးရွာ ၂ ရွာရှိ စပါးကျည် စပါးတိုက်များ လယ်ယာသုံး စက်ပစ္စည်းများနှင့် နွားများကိုလည်း မီးရှို့ သတ်ဖြတ် ခဲ့ကြောင်းသိရသည်။
ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်ကဇန်နဝါရီလ မှ ဇွန်လအထိ ကျေးရွာ ၂၂ ရွာမှ ပြည်သူပိုင် နေအိမ် ၅၃၄ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။
လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက် ဆီးခဲ့သော ကျေးရွာ ၁၇ ရွာမှနေအိမ် ၃၄၆ လုံးကို တစ်အိမ်လျှင် သုံး သောင်း ကျပ်နှုန်းဖြင့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ ပြည်တွင်း ပြည်ပ အလှူရှင်များထံမှ ရရှိသော ငွေကြေးဖြင့် လှူဒါန်းထားကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၁၈၈ လုံးကို အကူညီပေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။ khit thit