ပခုက္ကူမြို့၊ “ခိုင်မာ” နော်ဇယ်ပန့်ပြုပြင်ရေးဆိုင်တွင် လာရောက်ပြုပြင်သည့် ရေစကြို မြို့နယ်ရဲမှူး ၏ ကားကို PDF က သိမ်းဆည်း၊ ဝပ်ရှော့ ပိုင်ရှင်နှင့် အလုပ်သမားများကို ဖမ်း ဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့၊ “ခိုင်မာ” နော်ဇယ်ပန့်ပြုပြင်ရေးဆိုင်တွင်ဇွန်လ ၁၇ ရက် နေ့ မွန်းလွဲပိုင်း လာရောက် အပ်နှံပြုပြင်ထားထား ရေစကြိုမြို့နယ်ရဲမှူး၏ ကားကို PDF က သိမ်းဆည်းလိုက်ပြီး ရဲက ဝပ်ရှော့ဆိုင်မှ ပိုင်ရှင်၊ အလုပ် သမား များကို ဖမ်းဆီးလိုက်ကြောင်း ဒေသသတင်းရင်းမြစ်နှင့် ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၁၇ မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ ခိုင်မာ ဝပ်ရှော့ ထံတွင် ရေစကြို မြို့နယ်မှူး ရဲမှူး၏ ကားကို လာရောက် ပြုပြင် ကြောင်း၊ အဆိုပါကားကို PDF များက ရဲမှူးကား မှန်၊ မှန်သေချာစစ်ဆေးပြီး သိမ်းဆည်း သွားကြောင်း၊ ကားအမျိုးအစားမှာ MAZDA BT 50 Extra CUB အဖြူရောင် ကားဖြစ်ကြောင်း စစ်တပ်သတင်းဌာန တစ်ခုက ဆိုသည်။

“ဟုတ်တယ်။ ရဲမှူးကားကို PDF တွေ သိမ်းသွားလို့ အစစ်အဆေးတွေ ကြမ်း တယ်။ မြို့အဝင်ရော အထွက်ရော စစ်တယ်။ ဖြစ်တာက မနေ့က ဖြစ်တာ။ ဒီနေ့ စစ်ကားတွေလည်း ပခုက္ကူကနေ ရေစကြိုဘက်ကို ထွက်သွားတာ မြင်ရ တယ်။ ” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည် ။

ပခုက္ကူသတင်းရင်းမြစ်ကလည်း ရဲမှူးကာ သိမ်းဆည်းခံရသည့်ဖြစ်စဉ်ကို အတည် ပြုထားပြီး “ရေစကြိုမြို့နယ်မှူးကားအား မနေ့မနက်ပိုင်းက ပခုက္ကူ ကားဝပ်ရှော့တစ်ခုတွင် အပ်ထားခဲ့တုန်း လူငယ်အချို့ရောက်လာပြီး သေနတ် ထောက်လုယူသွားတာဖြစ်ကြောင်းသိရပါတယ်။ယခု ကားဝပ်ရှော့ဆရာနဲ့ တပည့် ၃ယောက်အား ရခများမှ ဖမ်းထားကြောင်းသိရပါတယ်။လုပ်သွား သူ များ မှာ PDF အဖွဲ့ ဝင်များဖြစ်ပြီး အဖွဲ့အ စည်းကမထုတ်ပြန်လို့ အဖွဲ့ အမည့် မထည့် တော့ပါ။ စခရခပျူခများမှ အနီးအနားလမ်းတွေရှိ CCTV တွေမှာ လိုက် စစ်နေကြောင်းသိရပါတယ်။ယနေ့ရောမြို့ပေါ် အစစ်အဆေး တင်းကျပ် ထားပါ တယ်” ဟု သတင်းဖော်ပြထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s