မြင်းမူတွင် စစ်ကား ၈ စီးပါ ယာဥ်တန်း မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရကာ စစ်သား ၄ ဦးသေ ဆုံး
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ဘက်မှ မြင်းမူမြို့နယ်သို့ ထွက်ခွာလာသည့် စစ်ကား ၈ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကား ၈ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကြားတွင် တစ်ဖက်ပွင့် ၄ လုံးဖြင့် ပစ်ခတ်ပြီး ပဒေသာမိုင်း ၁၀ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ စစ်သား ၆ ဦးပါဝင်သော ၇ စီးမြောက် ကားကို ထိမှန်ပြီး ရှေ့ ခေါင်းပိုင်း ပျက်စီးသွားကာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်း စစ်ကား ၈ စီးကို မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့- Myinmu Civil Revolution Force၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM၊ တူမီးဖိုက်တာ၊ ၊ FRF -Farmers Revolution Force (CHU)၊ Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြောင်အမျိုးသမီး စစ်သည်တော် တပ်ရင်း (မြောင်) – M2W မှ မိုင်းပံ့ပိုးခဲ့ကြောင်း မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ khit thit