PDF ဂိမ်း US App Store တွင် Top- 10 စာ ရင်းဝင်နေပြီး ငါးရက်အတွင်း အမေရိကန်ဒေါ် လာ ၁၇၀၀၀ ကျော် ရရှိ ၊ ခုနစ်ရက်စာကို မီး ဘေးသင့် စစ်ကိုင်းက စစ်ရှောင်ပြည်သူများကို လှူဒါန်းသွားမည်

PDF ဂိမ်း US App Store တွင် Top 10 စာရင်း ဝင်နေသည်မှာ ငါးရက် ရှိပြီ ဖြစ်ပြီး ငါးရက်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇,၀၀၀ ကျော်ရရှိကြောင်း PDF ဂိမ်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ Paid ဗားရှင်း US App store မှာ Top 10 စာရင်းဝင်နေတာ ငါးရက်ရှိပြီ။ ဒီ ငါးရက်အတွင်းရတာ USD 17,000 ကျော်သွားပြီးတော့ ခုနစ်ရက်စာကို မီးဘေးသင့် စစ်ကိုင်းက စစ်ရှောင်ပြည်သူတွေကို လှူဖို့ စီစဉ်နေပါတယ် ။ PDF ဂိမ်းနဲ့ မိုင်ခရီး RIDE BEHIND KALAW, Play2Donate တို့ ပေါင်းပြီး ချင်း သိန်း ၁၀၀၀ ကမ်ပိန်းလုပ်ဖို့ရှိပါတယ်” ဟု PDF ဂိမ်း တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

PDF ဂိမ်း Paid ဗားရှင်းမှာ ကြောငြာ လုံးဝ မပါဝင်ဘဲ ငွေနှင့် ပေးဝယ်ရခြင်းဖြစ်ပြီး လက်ရှိတွင် အများအပြား ဝယ်ယူနေကြကာ USD 100 ကျော်ဖိုး ဝယ်ယူအားပေးကြသူများ ရှိကြောင်း၊ နိုင်ငံတကာ သတင်းစာမျက်နှာအချို့တွင်လည်း PDF ဂိမ်းနှင့် ပတ်သက်၍ ဖော်ပြခံရခြင်းမျိုးရှိလာပြီး နိုင်ငံတကာမှ ဝင်ရောက် ဆော့ကစားနေသူများပါ ရှိပြီဖြစ်ကြောင်း PDF ဂိမ်းတာဝန်ရှိသူများ ထံမှ သိရှိရသည်။

အဆိုပါ PDF ဂိမ်းကို iOS App Store US တွင် ဝယ်ယူပါက 0.99 USD ကျသင့်မည်ဖြစ်ပြီး iPhone ကိုင်ဆောင်သူ ပြည်သူများမှ ဝိုင်းဝန်း Download ပြုလုပ်ပေးရန်နှင့် Top-10 စာရင်းတွင် အချိန်ကြာကြာရပ်တည်လာနိုင်သည်နှင့် ထပ်တူ နိုင်ငံတကာမှ Download ရယူသူများ ပိုမိုများပြားလာကာ ဝင်ငွေ ပိုမိုရရှိပြီး ပို၍ လှူဒါန်းလာနိုင်မည် ဖြစ်ကြောင်း၊ Paid ဗားရှင်း Download ရယူသူများ ကိုယ်ပိုင်နံပါတ် တစ်ခုစီရရှိမည် ဖြစ်ပြီး Apple Watch Series 7 ကို မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း၊ မကြာမီ Android သမားများအတွက်လည်း အစီအစဉ်သပ်သပ်ရှိကြောင်း PDF ဂိမ်း၏ စာမျက်နှာတွင် ဖော်ပြထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s