စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆုမွန် ကောင်းတောင်း

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆုမွန် ကောင်းတောင်းပါကြောင်း သူ၏ လူမှုကွန်ရက်တွင် ဖော်ပြ ဆုတောင်း လိုက် သည်။
“(၇၇) နှစ်မြောက် မွေးနေ့ဖြစ်ပါစေလို့ ချစ်ခင်ရတဲ့ ဒေါ်အောင်ဆန်း စုကြည် အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က လူမှုကွန်ရက်တွင် မွေးနေ့ဆုတောင်းထားသည်။
“မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေ ကြားမှာ အမြင်တွေကိုယ်စီ ရှိနေတယ်။ စကစ မည်သို့ပင် မတရားစွပ်စွဲ အကျဉ်းချ ထားတဲ့ ခေါင်းဆောင် တွေ အပေါ် စကစကို ဆန့်ကျင်ပြီးတန်ဖိုးထားကြောင်းပြတယ်။ စကစ မတရား စွပ်စွဲ တာသာ ဖြစ်တယ် ဆိုတာရော ဒီခေါင်း ဆောင်တွေ ရဲ့အရေးပါမှု ကိုရော ညွှန်ပြတဲ့သဘောပဲ” ဟု ထင်ရှားသည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင် တစ်ဦး သုံးသပ်ပြောဆိုသည်။
ယနေ့ ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ် မြောက်မွေးနေ့ကို မွေးနေ့ရှင်က အကျဉ်းချခံထားရသည့်ကြား မှာ တစ်နိုင်ငံ လုံးမှ ပြည်သူများက မွေးနေ့ဆုတောင်းပွဲနှင့် ချီတက်ဆန္ဒပြမှုများကို လုပ် ဆောင် နေကြသည်။khit thit