မန္တလေး ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီခန့် ကံသာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကြံ့ဖွတ်စည်းရုံးရေးမှူး သန်းဆွေ ပစ်ခတ်ခံရပြီး ပွဲချင်း ပြီး သေဆုံး၊ ဖားကန့်တွင် မြို့နယ်အာဏာပိုင်စုပေါင်းရုံးတွင်ဗုံးကွဲ

မန္တလေး ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီခန့် ကံသာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကြံ့ဖွတ်စည်းရုံးရေးမှူး သန်းဆွေ ယနေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်
ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ကံသာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကြံ့ဖွတ်ပါတီစည်းရုံးရေးမှူး သန်းဆွေ၏ နေအိမ်အ တွင်း သို့ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူ့အိမ်ထဲကို ဝင်ပစ်တာပါ။ ပွဲချင်းပြီးပါပဲ” ဟု နတ်ဆိုးမြေအောက်တော်လှန်ရေးရဲဘော်ကဆိုသည်။
အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန် ဖားကန့်စုပေါင်းရုံးအတွင်း ဗုံးတစ်လုံးပေါက်ကွဲ ခဲ့ကြောင်း၊ နာရီ ဝက်ကြာ နံနက် ၁၁ နာရီခွဲ အချိန် ဖားကန့်စုပေါင်းရုံးအပြင်ဘက်တွင် ထပ်မံ၍ ဗုံးပေါက်ကွဲကြောင်း၊ အထိအခိုက်အခြေအနေကို မသိရသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။ khit thit