မိုးဗြဲ နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်များ တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကျင်းပ 

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့ တည်ထောင်တာ ၁ နှစ်ပြည့်အခမ်းအနားကို ဇွန် ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ရဲဘော်တွေ ဘင်ခရာတီးဝိုင်းနဲ့ စစ်ရေးပြတာ၊ ဒီမိုကရေစီတိုက်ပွဲမှာ အသက်ပေးသွားခဲ့ရတဲ့ ရဲဘော်တွေကို အလေးပြုပြီးနောက် မိုးဗြဲနဲ့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာပုံ ဖြစ်စဉ် သမိုင်းအကျဉ်းကို ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့တွေက ခေါင်းဆောင်တွေ၊ NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ တက်ရောက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s