မြောက်ဥက္ကလာပညာရေးမှူးရုံး ဗုံးခွဲခံရ ၊ ကျောင်းသားကျောင်းသူများ မထိခိုက်စေရန် ပိတ်ရက်ကို ရွေးချယ် ဖောက်ခွဲဟုဆို

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ပညာရေးမှူးရုံးကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၈နာရီ ခွဲ အချိန်တွင် မြောက်ဥက္ကလာပ သမိုင်း မရိုင်းစေချင်သူ လူငယ် များ အဖွဲ့ က ACPLF Ranger အဖွဲ့၏ ပံ့ပိုး ကူညီမှု ဖြင့် စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် ရပ်တည်နေသော မြောက်ဥက္ကလာပမြို့နယ် ပညာရေးမှူး ရုံးအား ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူ များ မထိခိုက်စေရန် ကျောင်းပိတ်ရက်ကို ရွေးချယ်လုပ်ဆောင်ခဲ့ကြောင်း မြောက်ဥက္ကလာပ သမိုင်းမရိုင်းစေချင်သူ လူငယ်များအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

မြောက်ဥက္ကလာပ ဒေသခံတစ်ဦးကမူ ” ဗုံးပေါက်တာက ကြားပြီးတဲ့နောက် အထက ၁ နားမှာ စစ်နေတယ်။ အခု ရဲစခန်းဘေး အထက ၁ လမ်းကြား သုနန္ဒာ ဘက်မှာ အရမ်းကို စစ်နေတယ်” ဟု ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s