ရေစကြိုတွင် စစ်တပ် ယာဥ်တန်းများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရ

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယဥ်တန်းများ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မဘသ ဆရာတော် ရှင်မတောင် ဘုန်းကြီးကို လုံခြုံရေးယူပေးနေသည့် ပခန်းကြီးရဲစခန်းမှ စစ်သား၊ ရဲနှင့် ပျူစောထီး တပ်ဖွဲ့များ လိုက်ပါလာသော ကား ၁ စီးသည် ရှင်မတောင်ဘက်မှ တောင်အိုကျေးရွာဘက်သို့ ဦးတည်မောင်းနှင်လာစဥ် ချင်းယားကုန်းကျေးရွာနား အရောက်တွင် မိုင်း ၁ လုံးဖြင့် ပေါက်ခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာအပြင်းထန် ရရှိခဲ့ကာ ကားနောက်ပိုင်း ပျက်စီးသွားကြောင်းသိရသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရေစကြိုမြို့နယ်အတွင်းရှိ ခလရ (၂၅၈) တပ်ကို ပခုက္ကူ-ရေစကြို ကားလမ်းအတိုင်း ဦးတည် မောင်းနှင်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ကြီးကံအုပ်စု မိုက်ပင်ကုန်းကျေးရွာ အနီးတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိကာ ကား ၂ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရေစကြိုမြို့အတွင်း၌ ရမ်းကားနေသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များ လိုက်ပါလာသည့် hijet ကား တစ်စီးကို မြို့အပြင်သို့ထွက်လာစဥ် ဆက်သွယ်ရေးရုံးအနီး၌ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး အပြင်းထန်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို Yesagyo PDF၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက်)PDF၊ Myaing Township စသည့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s