SSPP/SSA စစ်စခန်း ၃ ခု ဖယ်ရှားရေး နောက် ဆုံးသတ်မှတ်ရက်ကို စစ်ကောင်စီရွှေ့ဆိုင်း

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အရေးပါသော စစ်စခန်းသုံးခုကို နောက်ဆုံးထားဖယ်ရှားရမည့်ရက်ကို စစ်ကောင်စီ၏ငြိမ်းချမ်းရေးကော်မတီက ရွှေ့ပြောင်းသတ်မှတ်ပေးလိုက်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ် လွိုင်နိုင်းလမ်းခွဲအနီးရှိ စခန်းတစ်ခုနှင့် မန်ဝိန်းကျေးရွာအနီးရှိ စခန်းနှစ်ခုကို ဇွန်လ ၁၀ ရက်နေ့နောက် ဆုံးထားဖယ်ရှားရန် အမိန့်စာတစ်စောင်ကို စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဇွန်လ ၄ ရက်နေ့က ပေးပို့ခဲ့ရာက နောက်ပိုင်းတွင် နောက်ဆုံးထားဖယ်ရမည့်ရက်ကို ဇွန်လ ၃၀ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် SSPP/SSA က မိုင်းရှုးမြို့နှင့် တန့်ယန်းမြို့ကြား ကားလမ်းဘေးက အဆိုပါစခန်းများ တည်ရှိနေခဲ့သည်မှာ ၁၀ နှစ်ရှိပြီဖြစ်ကြောင်းပြောကာ ဖယ်ပေးရန် အစောပိုင်းကပင် ငြင်းဆန်ထားသလို ပြင်ဆင်လိုက်လျောပေးမည်ဟန်လည်းမရှိဟု သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီက ” နယ်မြေကျော်လွန်ဆောက်လုပ်” ထားသည်ဆိုသော စခန်းသုံးခုလုံးမှာ SSPP/SSA ၏ တပ်မဟာ (၇၀၂)၊ တပ်ရင်း (၄၂၄) ၏ စခန်းများဖြစ်သည်။

နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ရန်အစီအစဉ်ရှိခဲ့သော SSPP/SSA ကို ဆွေးနွေးမှုမတိုင်မီ စခန်းများဖယ်ရှားခိုင်းမှုဖြစ် လာခဲ့ခြင်းက ဆွေးနွေးမှုဖြစ်မြောက်လာရေးကို ထိခိုက်စေခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s