Monthly Archives: Jun 2022

စဉ့်ကူးတွင် စစ်တပ်က သုံ့ပန်း ၄ ဦးကို ပြေးခိုင်းပြီး နောက်မှ ပစ်သတ်ဟုဆို

ဇွန် ၁၈ ရက်နေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲတစ်ခုတွင် ဖမ်းဆီးရမိသူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်ဟု “ဥ‌ဒေါင်းမင်း” အမည်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ 

ဥဒေါင်းမင်းပကဖအဖွဲ့နှင့် မဟာမိတ်အဖွဲ့တစ်ခုတို့ သတင်းပေးတစ်ဦးကို သွားရောက်ရှင်းလင်းရေးခရီးတွင် မိုးကုတ်-မန္တလေး ကားလမ်းမပေါ်ရှိ ပျဉ်ပင်ကျေးရွာ တိုးဂိတ်အနီး စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်ကြောင်း ဥဒေါင်းမင်းအဖွဲ့ခေါင်းဆောင်က Myanmar Now ကို ပြောသည်။

“ကျွန်တော့်အဖွဲ့ထဲက ဒုခေါင်းဆောင်တစ်ယောက် ပါတယ်။ မဟာမိတ်တပ်ဖွဲ့က လေးယောက်နဲ့ ‌ပေါင်းခြောက်ယောက်၊ တိုးဂိတ်နားမှာ ထိပ် တိုက်တိုးတော့ ရသ‌လောက်တော့ ပြန်ပစ်ကြသေးတာပေါ့၊ ဒါပေမဲ့ အဖွဲ့မှာက အတို (ပစ္စတို) နှစ်လက်ပဲ ပါတယ်။ ဘယ်ယှဉ်နိုင်မလဲ၊ အကုန်ကျသွားတာ” ဟု ဆိုသည်။

သေဆုံးသူတို့မှာ ရဲဘော်ဝါကြီး၊ ရဲဘော်တေနှင့် မဟာမိတ်အဖွဲ့တစ်ခုတို့မှ တော်လှန်ရေးရဲဘော်လေးဦးတို့ဖြစ်သည်။ 

ထိပ်တိုက်တွေ့သည့်နေရာတွင်ပင် နှစ်ဦး သေဆုံးသွားခဲ့ပြီး ဖမ်းမိသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် လေးဦးကိုမူ လက်နောက်ပြန်ကြိုးတုပ် ၍ ပြေးခိုင်းကာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရကြောင်း ထိုအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရုပ်အလောင်းများကို ဒေသခံကာကွယ်ရေးအဖွဲ့များက ပြန်လည်မရရှိခဲ့သည့်အတွက် သေဆုံးသူတို့၏ အဝတ်အစားများကို အသုံး ပြု ၍ ယမန်နေ့ ဇွန် ၁၉ တွင် နာရေးအခမ်းအနားပြုလုပ်ကာ မီးရှို့ သင်္ဂြိုဟ်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်က နေအိမ်နှင့် ပိုင်ဆိုင်သမျှ မီးရှို့ဖျက်ဆီးသည့်အတွက် ရဲဘော်ဝါကြီး၏ ကျန်ရစ်သူမိသားစု ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီတပ်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မီးရှို့မှုများကို စစ်ကောင်စီတပ်က ၎င်းတို့၏လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။

ဥဒေါင်းမင်းအဖွဲ့သည် စဉ့်ကူး၊ သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်းအစပ် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တို့အတွင်း ဖြစ်ပွားသည့် စစ်ကောင်စီနှင့် တိုက်ပွဲများတွင် ဒေသတွင်းရှိ PDF, ပကဖတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်ဟု ယူဆရသူများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် မေ ၂၀ က စဉ့်ကူးမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်ရှိ ရွှေပြည်ရွာရဲကင်းစခန်းနှင့် ငွေတောင်ရွာစစ်ဆေးရေးဂိတ်ကို ဥ ဒေါင်း မင်းအဖွဲ့အပါအဝင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ရွှေပြည်ရွာစခန်းမှူးအပါအဝင် သုံးဦး သေဆုံးခဲ့သည်။ 

မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းကြား စစ်တပ်၏ ရိက္ခာနှင့် လက်နက်သယ်ဆောင်သည့် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ စသည့် ဒေသများတွင် တော်လှန်ရေးအဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်ခြင်းများ ရှိနေသည်။ 

စစ်ကောင်စီတပ်၏ နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများလည်း ထိုဒေသတွင် ရှိနေသည်။   myanmar now

မင်းတပ်မြို့နယ်တွင် လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် မိခင်၏ ကျန်ရစ်ကလေးငယ် များ အကူအညီလိုအပ်

ချင်းပြည်နယ်၊ မင်းတပ်မြို့ မြောက်ဘက်၊ တိုက်နယ်သုံးဘက်ခြမ်းရှိ ကျေးရွာများကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ နံနက် ၉နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အမျိုးသမီး၏ ကျန်ရစ်သည့် ကလေးငယ်များအတွက် အကူညီများလိုအပ်နေသည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်ရှိ (၂၇၄) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူသုံးဦးသေဆုံးခဲ့ပြီး ၎င်းတို့အထဲမှ အသက် ၃၀အရွယ် အမျိုးသမီး၏ ကျန်ရစ်ခဲ့သည့် ကလေးငယ်များအတွက် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် တောင်ယာထဲတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၇၀ ဝန်းကျင် အမျိုးသား တစ်ဦး၊ အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှင့် အသက် ၃၀ ခန့်အမျိုးသမီးတို့ ပွဲခြင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

”အခုလောလောဆယ်မှာ သေဆုံးသွားတဲ့ သုံးဦးထဲကအသက် ၃၀အရွယ် အမျိုးသမီးက ကလေး သုံးယောက်ကျန်ခဲ့တယ်။အကြီးက မိန်းက လေး၊အငယ်နှစ်ယောက်ကတော့ ယောက်ျားလေးတွေ။အားလုံးက လူမမယ်ကလေးတွေပဲ ကျန်ခဲ့တော့ ရွာမှာရှိတဲ့ အမျိုးတွေကတော့ လက်တလော ကြည့်ပေးနေကြတယ် ။ သူတို့အတွက် လိုအပ်တဲ့အကူညီတွေကိုလည်း တောင်းခံနေပါတယ်”ဟု အဆိုပါရွာသားများထံမှ သိရသည်။

သည့်အပြင် စစ်ဘေးရှောင်နေကြသည့် ပြည်သူများ နေထိုင်ရာ ကျေးရွာတစ်ခုတွင် လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး၊လူနေအိမ် လေးလုံး ပျက်စီးခဲ့ကာ အမျိုးသားတစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။

လက်ရှိတွင် မင်းတပ်မြို့တွင်းရှိ ပြည်သူများအနေဖြင့် မြို့ပေါ်တွင် လုံခြုံစိတ်ချမှု မရှိခြင်းကြောင့် ကျေးရွာများဘက်သို့ ပြန်လည်စစ်ရှောင်သည့် သူများနှင့် ပြည်မဘက်သို့ တိမ်းရှောင်သူများလည်း ရှိနေသည်ဟု သိရသည်။mizzima

မြင်းမူရှိ ကျေးရွာတစ်ရွာတွင် “အာဏာရှင်တွေ ကြောက်တဲ့ ရဲရဲတောက် ပြည်သူလူ ထု”စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်

khit thit

ပြည်ကြီးတံခွန်မြို့နယ်တွင် စက်မှုနယ်မြေရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုနယ်မြေရဲစခန်း ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်က ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း ရဲစခန်းအနီးရှိ ဒေသခံထံက သိရသည်။

“လက်ပစ်ဗုံးနဲ့ ပစ်ပြီး ထွက်ပြေးသွားတာပါ။ ဘာအထိအခိုက်မှမရှိပါဘူး။ ဘာလို့လည်းဆိုတော့ ဗုံးကမပေါက်ဘူးလေ။ စနက်တံမှမပြုတ်တာ” ဟု အဆိုပါ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဆိုင်ကယ်စီးလူနှစ်ဦးက လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလက်ပစ်ဗုံးသည် ရဲစခန်း၀င်းအတွင်းရှိ နှစ်ထပ်ဆောင်ရှေ့ကျရောက်၍ ပေါက်ကွဲမှုမဖြစ်ပွါးခဲ့ကြောင်း၊ ပေါက်ကွဲမှုမဖြစ်ခဲ့ခြင်းကြောင့် အထိအခိုက်မရှိကြောင်း၊ ရဲတပ်ဖွဲ့မှ ပြန်လည်ပစ်ခတ်မှုတွင်လည်း ဗုံးပစ် တိုက် ခိုက်သူနှစ်ဦးအား ထိမှန်ခြင်းမရှိကြောင်း ရဲစခန်းနှင့်နီးစပ်သည့် အသိုက်အ၀န်းထံက သိရသည်။

မန္တလေးမြို့တွင် ယနေ့မွန်းလွဲပိုင်း၂ နာရီခန့်အချိန်ကလည်း မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး၊ လက်ကောင်းကျေးရွာ စာသင်ကျောင်းအနီးတွင်၊ စစ်ကောင်စီ၏ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်းလည်းသိရသည်။ mizzima

ရန်ကုန်-ဧရာ၀တီတိုင်းအကြား ပန်တိုင်ဂိတ်တွင် လေကြောင်းရန် ကာကွယ်ရေး တပ်မှ ဗိုလ်မှူး ဉာဏ်လင်းစိုးအဖွဲ့ နှင့် ဂိတ်စောင့်ရဲများ အပြန်အလှန် ပစ်ခတ်မှု ဖြစ် ပြီး ရဲ ၁ ဦးနှင့် တပ်ကြပ် ကျော်စိုး ပွဲချင်းပြီး သေဆုံး၊ ပစ်ခတ်မှု သတင်းကို စစ်တပ် က သတင်းပေါက်ကြားမှု မရှိစေရန် ပိတ်ဆို့ထားခဲ့

ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်း အကြား ပန်တိုင်စစ်ဆေးရေးဂိတ် တွင် မှော်ဘီ လေ ကြောင်း ရန် ကာကွယ်ရေး တပ်မှ ဗိုလ်မှူး ဉာဏ်လင်းစိုးအဖွဲ့နှင့် ပန်တိုင် ဂိတ် စောင့် လုံခြုံရေးရဲများအကြား ဇွန်လ ၁၇ ရက်နေ့ ညနေ ၂ နာရီခွဲ အချိန် တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၁ ဦးနှင့် တပ်ကြပ်ကျော်စိုး ပွဲချင်းပြီး သေဆုံးသွား ကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇွန်လ ၁၇ ရက်နေ့ မှော်ဘီမြို့နယ်၊ အမှတ်(၁၀၀၉) လေကြောင်း ရန်ကာကွယ် ရေး တပ်ရင်းမှ ဗိုလ်မှူး ဉာဏ်လင်းစိုး၊ ဒုအရာခံဗိုလ်စောနိုင်၊ ဒုအရာခံဗိုလ် ဇော်လွင် ဦး၊ တပ်ကြပ်ကြီး စိုးမိုးအောင်၊ တပ်ကြပ် ကျော်စိုးတို့သည် ညောင် တုန်း လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ် ကြပ်ကြီး ထွန်းဝင်းနိုင်၏ မင်္ဂလာဆောင်ကို သွားခဲ့ကြကြောင်း၊ ယင်းနောက် ပြန်လာစဉ် ပန်တိုင်ဂိတ်တွင် ကင်းစောင့် လုံခြုံရေးရဲများက စတင်ပစ် ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ပန်တိုင်ဂိတ်မှ ရဲ ၁ ဦးနှင့် မှော်ဘီလေကြောင်းရန် ကာ ကွယ် ရေး တပ်မှ တပ်ကြပ်ကျော်စိုးတို့ စုစုပေါင်း ၂ ဦး ပွဲချင်းပြီး သေဆုံး သွား ကြောင်း သိရှိရသည်။

“PDFလို့ မှားယွင်း ပစ်ခတ်ခဲ့ရာကနေ ကားပေါ်ပါလာတဲ့ တပ်ကြပ် ကျော်စိုး နေရာမှာ ပွဲချင်းပြီး သေဆုံးပါတယ်။ ဒုတိယ အရာခံဗိုလ် ဇော်လွင်ဦး(ခ) ကျား ကြီး ကတော့ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ကျည်ထိမှန်ပြီး ဆေးကုနေပါတယ်။ ဦးခေါင်း ခွံ့လှန်ပြီး ခွဲစိတ်ထားရတယ်။ လေကြောင်းရန် ကာကွယ် ရေး တပ် ဖွဲ့ ကို ဦးဆောင်လာတဲ့ ဗိုလ်မှူး ဉာဏ်လင်းစိုးကို အမှတ်(၅) လေကြောင်း ရန် ကာ ကွယ် ရေးစစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်၊ မှော်ဘီ ရှိ အချုပ်ခန်းမှာ ချုပ် နှောင် ထား ပါတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်နှင့်ရဲအကြား ပစ်ခတ်မှုကြောင့် စုစုပေါင်း ရဲ ၁ ဦးနှင့် စစ်သား ၁ ဦး စုစု‌ ပေါင်း ၂ ဦး သေဆုံးပြီး ပန်တိုင်ဂိတ်မှ ဒုရဲအုပ်တစ်ဦး၊ ရဲတစ်ဦး ကိုလည်း ဖမ်း ဆီး ချုပ်နှောင်ထားကြောင်း၊ စုစုပေါင်း ဖမ်းဆီး ချုပ် နှောင်ခံထားရသူ ရဲနှင့် စစ် တပ် နှစ်ဖက်စလုံးမှ ၆ ဦး ရှိကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုသတင်းကို စစ်တပ်က ပေါက်ကြားမှုမရှိစေရန် ပန်တိုင်ဂိတ် နားရှိ ကျေးရွာများမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတချို့ကို ခေါ်ယူ သတိပေးခဲ့ ကြောင်း၊ PDF ပစ်ခတ်ဖမ်းဆီးမိသည်ဟု သတင်းလွှင့်ခဲ့ကြောင်း ၊ စစ်တပ် နှင့် ရဲတပ်ဖွဲ့ ကြားတွင်လည်း ယင်းသတင်း မပေါက်ကြားစေရန် တပ်ဖွဲ့ဝင် များကို ခေါ်ယူ အသိပေးခဲ့ကြောင်း သိရှိရသည်။ khit thit

ရွှေဘိုမြို့နယ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ‌တိုက်ခိုက်ခံရ

ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာအရှေ့ဘက်မှာ ‌ဇွန်လ ၂၀ ရက်နေ့က စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေကို ပြောက်ကျားတိုက်ခိုက်ရာမှာ ၃ ဦးသေဆုံးသွားတယ်လို့ ရွှေဘိုမြို့နယ် ဒေသခံပြောက်ကျားတပ်ဖွဲ့ Golden Future Revolution Force ( GFRF ) က ထုတ်ပြန်ပါတယ်။

‌အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့အုပ်စုဟာ ခွန်းတောင်းကြီးကျေးရွာအရှေ့ဘက်ရှိ မူးပင်တဲဂိတ်အနီးမှာ လမ်းသွားလမ်းလာတွေ၊ စပါးကားတွေစတဲ့ ယာဉ်မှန်သမျှကို စစ်ဆေးနေတဲ့အတွက် ‌တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံပြောက်ကျားတပ်ဖွဲ့ (GFRF) တာဝန်ရှိသူက  “စစ်ကောင်စီတပ်တွေနဲ့အတူ ပျူစောထီးအဖွဲ့တွေလည်း ပါတယ်။ ပြည်သူအပေါ်လည်း အ ထက်စီးကနေ မောက်မောက်မာမာနဲ့ ဆက်ဆံတယ်။ နောက်ပြီး ကုန်တင်ယာဉ်တွေကိုလည်း ငွေတောင်းခံတွေရှိတယ်။ ဒါ့ကြောင့် စောင့်ပြီး အ ခွင့်သာတုန်းမှာ ပြောက်ကျားတိုက်ခိုက်ခဲ့တာပါ။  ပျူစောထီးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ စုစုပေါင်း ၃ ယောက်သေတယ်” လို့ ပြောပါတယ်။

‌အခုတလော ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီဘက်က စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ်ပြုလုပ်နေပြီး အရပ်ဝတ်တွေနဲ့ ရပ်ကွက်တွေထဲအထိ ကင်းပုန်းဝပ်တာတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။

‌ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ဆင်ရေးအရှိန်မြှင့်တင်တော့မယ့် ကာလဖြစ်တာကြောင့် ရွှေဘို – မန္တလေးလမ်းကို အရေးပေါ်ကျန်းမာရေးကိစ္စမှလွဲပြီး ည ၈ နာရီနဲ့မနက် ၅ နာရီအတွင်း သွားလာခြင်းမပြုကြဖို့ ပြည်သူတွေကို အသိပေးမေတ္တာရပ်ခံထားပါတယ်။ DVB

ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက်မွေးနေ့ကို အိန္ဒိယနိုင်ငံ နယူးဒေလီတွင်ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက် မွေးနေ့အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။

မွေးနေ့ပွဲကို တစ်မိနစ်ငြိမ်သက်ခြင်းဖြင့် စတင်ကာ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အသက်ပေးလှူခဲ့ကြသည့် ရဟန်းရှင်လူ၊ ကျောင်းသားများ၊ တိုင်းရင်းသား များအတွက် ကိုးကွယ်ရာဘာသာအလိုက် ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။

အခမ်းအနားတွင် NLD ပါတီ အိန္ဒိယနိုင်ငံ၊ လွတ်မြောက်နယ်မြေစည်းရုံးရေးကော်မတီ တာဝန်ရှိသူက အမှာစကားပြောကြားခဲ့ပြီး ဆရာတော်ဦးအဂ္ဂ(နယူးဒေလီ)၊ ဆရာတိကေလျန်းနှင့် အိန္ဒိယနိုင်ငံသို့ ရောက် ရှိနေသည့်အဖွဲ့အစည်းအသီးသီးမှ မွေးနေ့ဆုတောင်းစကားများ ပြောကြားခဲ့သည်။

ထို့အပြင် အခမ်းအနား တက်ရောက်လာကြသူများက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်း အမှတ် အဖြစ် အလှူငွေများလှူဒါန်းခဲ့ကြပြီး ရရှိလာသည့်အလှူငွေများကို စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ပြန်လည်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။ mizzima

ပေါက်မြို့နယ်တွင် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ စစ်တပ်က ဒေသခံ ပြည်သူ ၁ ဦးကို ပစ်သတ်

မကွေးတိုင်း ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၆ တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၆ ရက်နေ့တွင် တောင်မြင့်ကျေးရွာသို့ ဦးတည်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၆၊ SLNL-PDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်နေ့တွင် တောင်မြင့်ကျေးရွာမှ ရွာသား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး ကျားပစ်ကန်ကျေးရွာကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ကျေးရွာထဲကို လက်နက်ကြီးများ ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုမှ တစ်ဆင့် စစ်ကြောင်းသည် သစ်ညီနောင်ရွာကို စစ်ကြောင်းထိုးစဉ် ရွာအဝင်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ လက်နက်ကြီးများဖြင့် အပြန်အလှည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများ ရောက်ရှိလာသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ညီနောင်ရွာမှ အနောက်တောင်ဘက်သို့ ထွက်ခွာလာစဉ် လမ်းသွားလမ်းလာ ပြည်သူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ဦးတင်မောင်စိန်ကို ပစ်သတ်ခဲ့ပြီး ဖားအတောကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂ ရက်တာ တိုက်ပွဲ အတွင်း စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးပြီး ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၆၊ SLNL-PDF တပ်ဖွဲ့တို့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့​ကြောင်း သိရသည်။ khit thit

ဖားကန့်မြို့နယ်တွင် ရွာသား ၃ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်စီစာကျေးရွာမှာ ဇွန် ၁၉ ရက် ညပိုင်းက သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရွာသားသုံးဦးကို တွေ့ရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

သေဆုံးနေသူတွေဟာ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံထားရပြီး လက်ကို နောက်ပြန်ကြိုးတုပ်ကာ မျက်နှာကို အဝတ်စည်းထားတဲ့အနေထားနဲ့ သေဆုံးနေကြတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အဲဒီလို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရွာသား သုံးဦးရဲ့အလောင်းတွေကို မှော်စီစာကျေးရွာဆိုင်းဘုတ်နားမှာ လာရောက်စွန့်ပစ်ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာက အဲဒီအလောင်းတွေကို ဇွန် ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဖားကန့် ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေက တောမှော်ကျေးရွာ၊ ဆိုင်းရာ ရွာသစ်နဲ့ မားဆားကျေးရွာတို့က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ်ထဲက မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါလေးဦးကို အခုလို ပုံစံတူ သတ် ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုကတော့ ဒုတိယအကြိမ်ဖြစ်ပွားတာလည်းဖြစ်ပါတယ်။

အခုလို သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ DVB

« Older Entries